Professional Authors

အမှန်တရားပါ

ကွေးကောက်နေတာလား….
ဖြောင့်တန်းနေတာလား…
စကားပြောတတ်တာ…
လူမှမဟုတ်ဘူး။
ရူးချင်းရူးရအောင်
မင်းကအရူးလား….
လုပ်တိုင်းဖြစ်နေရအောင်….
မင်းကတန်ခိုးရှင်လဲမဟုတ်ဘူး…
ပြောတဲ့စကားတိုင်း….
နားထောင်နေရအောင်
မင်းကကျေးဇူးရှင်လဲမဟုတ်ဘူး
နဲနဲတွေးကြည့်စမ်းပါ……….

တွေးကြည့်စမ်း……
ကမ္ဘာကြီးလည်နေတယ်…..
အမှန်တရားပါ။
မျက်ရည်တွေကြနေတယ်…
အမှန်တရားပါ။
လမ်းခွဲမှာရပ်နေတယ်…
အမှန်တရားပါ။
ချစ်တယ်လို့ပြောခဲ့ကြတယ်….
အမှန်တရားပါ။
ငါမင်းကို….အခုထိချစ်နေတယ်
အမှန်တရားပါ။
နောက်ဆုံး……….
ဒီကဗျာမှာမင်းအကြောင်းရေးတယ်
အမှန်တရားပါ။

In: ကဗျာ Posted By: Date: Dec 22, 2011
Comment #1

အားပေးသွားပါတယ်……

commentinfo By: May Kha at Dec 22, 2011
Comment #2

he,,he,,
right,,
mike de kwar

commentinfo By: ei lay at May 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment