Professional Authors

ကမ္ဘာပေါ်တွင် အကောင်းဆုံး

ငှက်တွေ ခိုနားဖို့
အသိုက်ကလေးတွေရှိတယ်……..။
လေယာဉ်တွေ၇ပ်နားဖို့
လေဆိပ်တွေရှိတယ်………။
ရထားတွေ ရပ်တန့်ဖို့
ဘူတာရုံတွေရှိတယ်………..။
သင်္ဘောတွေ ဆိုက်ကပ်ဖို့
ဆိပ်ကမ်းတွေ ရှိတယ်…………။
အို ချစ်သူ
အသင်ခိုနားဖို့
အသင်အိပ်စက်ဖို့
အသင် မှေးစက်ဖို့
အသင် မှီနွဲဖို့
ကျွန်ုပ်မှာ ရင်ခွင်တစ်ခုတော့
ရှိလေရဲ့…….။
သေချာတာကိုပြောပြမည်
ချစ်သူရေ
ကိုယ့်ရင်ခွင့်က
ငှက်တွေရဲ့အသိုက်ထက်
ပိုလိုခြုံတယ်….။
ချစ်သူရေ
ကိုယ့်ရင်ခွင်က
လေဆိပ်တွေလို လာချင်ရင်
အချက်ပြစရာမလို ပါဘူး…။
ချစ်သူရေ
ကိုယ့်ရင်ခွင့်က
ဘူတာရုံလို
အချိန်အကန့်အသက်နဲ့ မဟုတ်ဘူး…..။
ချစ်သူ ရေ
သင်္ဘောဆပ်လိုလည်း
အခွန်ကောက်မနေပါဘူး…..။
အချိန်တွေ
ငွေတွေ
တောင့်တမှုတွေ
ရယူလိုမှုတွေ
ရမက်တွေ
ကင်းသွားတဲ့တနေ့
အရိုးသားဆုံး နှလုံးသားတစ်ခုနဲ့
မင်းကို အချစ်ကြီးချစ်နေတဲ့
လူတစ်ယောက်
ကမ္ဘာပေါ်မှာ
အနွေးထွေးဆုံးသော
အကြီးကျယ်ဆုံးသော
ဝန်ဆောင်မှုအကောင်းဆုံးသော
ငွေကြေးကုန်ကျမှုမရှိသော
သန့်ရှင်း၊နွေးထွေး
ပျူငှာ၊သပ်ရပ် နေသော
သင့်အတွက် သာဖြစ်သော
အသီးသန့်ဆုံးသော
ရင်ခွင် တစ်ခုနဲ့
စောင့်နေတယ် ဆို တာ သိထားပေးပါ……။

In: ကဗျာ Posted By: Date: Dec 21, 2011
Comment #1

he,,he,,
wow,,,
unbelieveable,,,
so so nice.
how lucky she is.

commentinfo By: ei lay at Dec 22, 2011
Comment #2

ချစ်သူရေ
ကိုယ့်ရင်ခွင့်က
ဘူတာရုံလို
အချိန်အကန့်အသက်နဲ့ မဟုတ်ဘူး…..။
ချစ်သူ ရေ
သင်္ဘောဆပ်လိုလည်း
အခွန်ကောက်မနေပါဘူး…..။
အချိန်တွေ
ငွေတွေ
တောင့်တမှုတွေ
ရယူလိုမှုတွေ
ရမက်တွေ
ကင်းသွားတဲ့တနေ့
အရိုးသားဆုံး နှလုံးသားတစ်ခုနဲ့
မင်းကို အချစ်ကြီးချစ်နေတဲ့
လူတစ်ယောက်
ကမ္ဘာပေါ်မှာ
အနွေးထွေးဆုံးသော
အကြီးကျယ်ဆုံးသော
ဝန်ဆောင်မှုအကောင်းဆုံးသော
ငွေကြေးကုန်ကျမှုမရှိသော
သန့်ရှင်း၊နွေးထွေး
ပျူငှာ၊သပ်ရပ် နေသော
သင့်အတွက် သာဖြစ်သော
အသီးသန့်ဆုံးသော
ရင်ခွင် တစ်ခုနဲ့
စောင့်နေတယ် ဆို တာ သိထားပေးပါ……။

commentinfo By: ဇော်သက်ဦး(Ayatekalay) at Dec 23, 2011
Comment #3

a khu hti de a tine pe lar hin?

commentinfo By: ei lay at Jun 15, 2012
Comment #4

the best in my world,
😛

commentinfo By: ei lay at Jul 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment