Professional Authors

ဘောင်မခတ်တဲ့ ကောင်းကင်ပန်းချီ

အချိန်တွေ ကုန်လွယ်တယ်……

နာရီတစ်လုံးလောက် သတ္တိရှိခဲ့ချင်တယ်
အချိန်တွေ ကျော်ဖြတ်ဖို့  သတ္တိနည်းနည်းလောက်ရှိချင်တယ်..ချစ်သူ

စက္ကန့် လေးတွေ တစ်ခုနဲ့ တစ်ခုကြားမှာ ကူးပြောင်းဖို့  အချိန်ဆိုတာရှိတယ်
ညီမျှတဲ့ အချိန်လေးပေါ့ ချစ်သူ……….
တကယ်ပါ…..အချိန်တွေသာ ကုန်ခဲ့တယ်..ညီမျှတဲ့ ချစ်ခြင်းနဲ့ ပဲ
ကျွန်တော်..ချစ်ခဲ့တာပါ….

ဂီတ သံဇဉ်လေးတစ်ခု ကို နုတ်ဖတ်ကြည့်မယ်ဆိုရင်
အနိမ့်နဲ့ အမြင့်ကို ပြပေးထားတဲ့ သင်္ကေံတလေးတွေပါတယ်
တစ်ခုနဲ့ တစ်ခုက မြင့်သွားလိုက် နိမ့်ဆင်းသွားလိုက်နဲ့ ပေါ့
အလွမ်းဆိုတာလဲ ဒီလိုပဲ..ချစ်သူ
တစ်ခါတခါ…အထီးကျန်..ညတွေမှာ..လွမ်းရတာ..ငါ့အတွက်..သံဇဉ်မြင့်တဲ့တေးသွားလေးလေ
နင့်ဓါတ်ပုံလေးနဲ့  ပြန်ဆုံမယ့်အချိန်လေးတွေးတဲ့…တဒင်္ဂမှာတော့….အဆုံးသတ်တေးသွားလေးငါကြားရတယ်

ငါရုးတော့မယ်..ချစ်သူ
နေမြင့်ရင်အရူးရင့်တယ်တဲ့………
တမ်းတလွန်းတာများရင် ငါရူးသွားမှာလား..
အရူးတစ်ယောက်ရဲ့ ကောင်းကင်ဆိုရင် အရောင်စုံမယ်ထင်တယ်
ကောင်းကင်ပန်းချီမှာ..ဘောင်မဲ့တယ် ဘယ်နေရာကကြည့်ကြည့် ကောင်းကင်ကြီးပဲတွေ့ မှာပေါ့နော်..ချစ်သူ
ငါက..ကောင်းကင်မှာ နင့်လက်ကလေးကိုင်ပြီး ပန်းချီရေးခဲ့တဲ့…အရူးတစ်ယောက်ပေါ့
အရောင်ထင်ပါ့မလား……………….ချစ်……သူ….ရယ်။

In: ကဗျာ Posted By: Date: May 30, 2013
Comment #1

ဟေ့ ပုဆိုးတော့ ခိုင်အောင်ဝတ်ထားနော်

commentinfo By: shinelalin at May 30, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment