Professional Authors

အသင်

အသင်…..အရင်ကလူတွေနဲ့ယှဉ်နှိုင်း…
ကျွန်ုပ်ရိုင်းခဲ့ရင်..ခွင့်လွှတ်ပေးပါ
အချစ်မှာ..အနာအဆာမကင်းခဲ့ပေမယ့်
အလိမ်အညာရှင်းခဲ့ပါတယ်………။

အသင်….မမြင်ခင်ကတည်းက
အထင်နဲ့တိုင်း…..မှိုင်းတိုက်ပစ်ခဲ့..
အိပ်မက်ဟောင်းပမာ….
အတိတ်မကောင်းပေမယ့်..
အဆိပ်အတောက်ကင်းခဲ့ပါတယ်……။

 အသင်…..ခေါင်းစဉ်ပေါင်းများစွာအောက်
ကျွန်ုပ်ကို….ကြိုးဆွဲ…
စေလိုရာစေ…ဈာပနာလည်း..
ချပေးခဲ့ရပါပြီ…..
မထိတပါး..ရိတပါး
ဒီအသက်ရဲ့ရဲ့ ကို ခနဲ့ကာ…မညှင်းပါနဲ့….
ဘယ်နှကြိမ်သတ်သတ်..ချစ်တယ်ဆိုပေမယ့်
စက်ရုပ်သာသာအသည်း
ရှင်သန်ခွင့်လေးပေးလှည့်ပါ…………။

အသင်……အချစ်ပြယ်လို့ ပစ်ပယ်ခဲ့ပြီပဲ
အမှိုက်အဖြစ်နဲ့..လေလွင့်ရသူကို
ခြေနင်းကာ..အပြတ်ရှင်းလိုကလည်း…..
အသင့်သဘော..လည်ဆင်း..ပေးထားသူပါ…..။

ကျွန်ုပ်အတိတ်..ပစ္စုပန်..အနာဂတ်
အသင့်ထံ….တောင်းပန်စွာ ဆက်သခဲ့ပြီးသားမို့
အယူခံရယ်မျှ ..မ၀င်လိုခဲ့.
တကယ်တော့..အသင်..
ပျော်မယ်ဆို…..ဖော်ကွာကာကင်း..
အထီးကျန်နေ့ရက်များထဲ..
မညည်းညူစွာ….မင်းမူပါ့မယ်…
အသင်ဟာ….ကျွန်ုပ်…ဘ၀ရဲ့ သခင်….ပါ….။      ။

In: ကဗျာ Posted By: Date: Jun 20, 2011
Comment #1

အထီးကျန်နေ့ရက်များထဲ..
မညည်းညူစွာ….မင်းမူပါ့မယ်…
အသင်ဟာ….ကျွန်ုပ်…ဘ၀ရဲ့ သခင်….ပါ….။ ။
မမိုး…အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 20, 2011
Comment #2

အသင်…..အရင်ကလူတွေနဲ့ယှဉ်နှိုင်း…
ကျွန်ုပ်ရိုင်းခဲ့ရင်..ခွင့်လွှတ်ပေးပါ
အချစ်မှာ..အနာအဆာမကင်းခဲ့ပေမယ့်
အလိမ်အညာရှင်းခဲ့ပါတယ်………။

အသင်….မမြင်ခင်ကတည်းက
အထင်နဲ့တိုင်း…..မှိုင်းတိုက်ပစ်ခဲ့..
အိပ်မက်ဟောင်းပမာ….
အတိတ်မကောင်းပေမယ့်..
အဆိပ်အတောက်ကင်းခဲ့ပါတယ်……။

အသင်…..ခေါင်းစဉ်ပေါင်းများစွာအောက်
ကျွန်ုပ်ကို….ကြိုးဆွဲ…
စေလိုရာစေ…ဈာပနာလည်း..
ချပေးခဲ့ရပါပြီ…..
မထိတပါး..ရိတပါး
ဒီအသက်ရဲ့ရဲ့ ကို ခနဲ့ကာ…မညှင်းပါနဲ့….
ဘယ်နှကြိမ်သတ်သတ်..ချစ်တယ်ဆိုပေမယ့်
စက်ရုပ်သာသာအသည်း
ရှင်သန်ခွင့်လေးပေးလှည့်ပါ…………။

မမိုး…အားပေးသွားပါတယ်…ထပ်တူထပ်မျှခံစားရပါတယ်………

commentinfo By: terry at Jun 20, 2011
Comment #3

အားပေးလိုက်ပါတယ် မမ အသဲကွဲမိုးရေ…………..။။
မမ ကို အကြံ တစ်ခုလောက်တော့ပေးချင်တယ်ဗျာ…။

Comment #4

ကျေးဇူးပြုပြီး ကျွန်တော် Profile က Gmail လေးကို Invite ပေးပါလား..။မမနဲ့စကားပြောချင်နေလို့ပါ …………..။

Comment #5

လူတစ်ယောက်ကို ချစ်တယ်ဆိုတာ အကြီးမားဆုံး လိမ်ညာမှု တစ်ခုပဲ။ အသဲ။း))

commentinfo By: ဟလိုရောဇ့် at Jun 20, 2011
Comment #6

တင်စားချက်က ပက်စက်လွန်းပါတယ် ever ကွဲနေတဲ့ မိုးရယ်..

commentinfo By: ဖိုးနမ်း at Jun 20, 2011
Comment #7

….ကျေးဇူးအများကြီးတင်ပါတယ်…နော်..အားပေးကြတဲ့သူငယ်ချင်းများအားလုံး 😀

commentinfo By: အသဲကွဲမိုး at Jun 20, 2011
Comment #8

ဒါလေးလည်း တစ်မျိုးကောင်းတာပဲဗျ။
အမ ဒီလိုတွေရေးတတ်အောင် သင်ပေးတဲ့ အမရဲ့ နှလုံးသားကို နည်းနည်းလောက် သနားပါဦး…….အမရာ။
သူလည်း တော်တော် ပင်ပန်းနေလောက်ပါပြီ။
အကြံပေးတာနော်…အမ။

commentinfo By: sawral at Jun 21, 2011
Comment #9

ကောင်းတယ်ဗျာ…….:)

commentinfo By: moehtetaung18 at Jul 6, 2011
Comment #10

အသင်…..အရင်ကလူတွေနဲ့ယှဉ်နှိုင်း…
ကျွန်ုပ်ရိုင်းခဲ့ရင်..ခွင့်လွှတ်ပေးပါ
အချစ်မှာ..အနာအဆာမကင်းခဲ့ပေမယ့်
အလိမ်အညာရှင်းခဲ့ပါတယ်………။

အသင်….မမြင်ခင်ကတည်းက
အထင်နဲ့တိုင်း…..မှိုင်းတိုက်ပစ်ခဲ့..
အိပ်မက်ဟောင်းပမာ….
အတိတ်မကောင်းပေမယ့်..
အဆိပ်အတောက်ကင်းခဲ့ပါတယ်……။

အသင်…..ခေါင်းစဉ်ပေါင်းများစွာအောက်
ကျွန်ုပ်ကို….ကြိုးဆွဲ…
စေလိုရာစေ…ဈာပနာလည်း..
ချပေးခဲ့ရပါပြီ…..
မထိတပါး..ရိတပါး
ဒီအသက်ရဲ့ရဲ့ ကို ခနဲ့ကာ…မညှင်းပါနဲ့….
ဘယ်နှကြိမ်သတ်သတ်..ချစ်တယ်ဆိုပေမယ့်
စက်ရုပ်သာသာအသည်း
ရှင်သန်ခွင့်လေးပေးလှည့်ပါ…………။

အသင်……အချစ်ပြယ်လို့ ပစ်ပယ်ခဲ့ပြီပဲ
အမှိုက်အဖြစ်နဲ့..လေလွင့်ရသူကို
ခြေနင်းကာ..အပြတ်ရှင်းလိုကလည်း…..
အသင့်သဘော..လည်ဆင်း..ပေးထားသူပါ…..။

ကျွန်ုပ်အတိတ်..ပစ္စုပန်..အနာဂတ်
အသင့်ထံ….တောင်းပန်စွာ ဆက်သခဲ့ပြီးသားမို့
အယူခံရယ်မျှ ..မ၀င်လိုခဲ့.
တကယ်တော့..အသင်..
ပျော်မယ်ဆို…..ဖော်ကွာကာကင်း..
အထီးကျန်နေ့ရက်များထဲ..
မညည်းညူစွာ….မင်းမူပါ့မယ်…
အသင်ဟာ….ကျွန်ုပ်…ဘ၀ရဲ့ သခင်….ပါ….။ ။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #11

စက်ရုပ်သာသာအသည်း
ရှင်သန်ခွင့်လေးပေးလှည့်ပါ…
အထီးကျန်နေ့ရက်များထဲ..
မညည်းညူစွာ….မင်းမူပါ့မယ်…
အသင်ဟာ….ကျွန်ုပ်…ဘ၀ရဲ့ သခင်….ပါ…

commentinfo By: chityellusoelay at Aug 19, 2011
Comment #12

အရမ်းကောင်းပါတယ်..ကြိုက်တယ်ဗျာ.ခံစားချက်လေးတွေကို

commentinfo By: zawzaw at Oct 21, 2011
Comment #13

ရေးချက်က ရက်စက်လွန်းတယ် အစ်မတော်ရေ
ရင်မခိုင်ရင်တော့ ပုလဲတွေခသွားနိုင်တယ်
အစ်မတော် ရေးချက်တိုင်းက အပြင်းစားတွေမို့ ဒီလောက်ပဲပြောသွားတယ်အစ်မတော်ရေ
နောက်မှ မုန့်ဝယ်ကျွေး ( just kidding) ။

commentinfo By: X - ray at Feb 8, 2012
Comment #14

same with x-ray

commentinfo By: ei lay at Feb 8, 2012
Comment #15

အရမ်းတယ်ဆိုတာထက် ပိုပါတယ်

commentinfo By: နွေ at May 6, 2013
Comment #16

စာလုံးက ကျန်ခဲ့တော့မှ connection ကအရမ်းကောင်းနေတယ် 🙂
………………
အရမ်းကောင်းတယ်ဆိုတာထက် ပိုပါတယ်လို့

commentinfo By: နွေ at May 6, 2013
Comment #17

ဒီနေ့တော့ ကဗျာမုန်တိုင်းထဲ မျောတာပဲ 🙁

commentinfo By: n$n at May 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment