Professional Authors

Save The Planet

နေညိုညိုလမ်း
ကျွန်တော်လှမ်းရင်း
သစ်ရိပ်ဝါးရိပ်
ဟိုးအတိတ်က
လွန်ထူခဲ့သော
ထိုနေရာလေ
ခုတော့ခြောက်သွေ့
သစ်ပင်လည်းတုန်း
မီးခိုးဟုန်းလို့
ပါတ်ဝန်းကျင်မှောင်
မီးသွေးရယ်ဖုတ်
ထင်းလည်းလုပ်ပြီး
သစ်ခုတ်ဝါးခုတ်
မျိုးစုံလုပ်လို့
ခုတော့လည်းလေ
တို့တွေ အနှစ်
အမွေစစ်မို့
ထိန်းသိမ်းသင့်သော
တောတောင်ရေမြေ
ပျောက်ပျက်တော့မည့်
ထိုအရေးကို
ပြုပြင်ကြပါ
ရာသီဥတု
မှီသော တောတို့
မရှိပါက
ရာသီဆိုးဝါး
ဘ၀များစွာ
အသက်များစွာ
ကုန်ဆုံးပျောက်ပျက်
ဆိပ်ဓါတ်ငွေ့တို့
လွန်စွာများပြား
ထွက်ဝယ်လာပြီး
နောင်ဝယ်ပျော်ရွှင်
ရှင်သန်သင့်သော
တို့၏သားမြေး
နောင်လာသားတို့
အတိဒုက္ခ
ကျရောက်မည့်မို့
ထိုအရေးကို
ကြိုကာတွေးပြီး
မကောင်းအကျင့်
မကောင်းအမှု
ရှောင်ရှားပြီးတော့
သစ်ပင်သစ်မျိုး
စဉ်ပေါများပြီး
ထိန်သိမ်းဖို့လေ
တို့တတွေ က
ရပ်သင့်တာရပ်ပြီး
ဖြစ်သင့်တာမို့
သစ်ပင်များလေ
စိုက်ပျိုးပြီးတော့
တို့ကမ္ဘာကြီး
တို့ နောင်သားအား
ကာကွယ်ကြစို့……………………။

In: ကဗျာ Posted By: Date: Dec 21, 2011
Comment #1

တို့တတွေ က
ရပ်သင့်တာရပ်ပြီး
ဖြစ်သင့်တာမို့
သစ်ပင်များလေ
စိုက်ပျိုးပြီးတော့
တို့ကမ္ဘာကြီး
တို့ နောင်သားအား
ကာကွယ်ကြစို့……

commentinfo By: May Kha at Dec 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment