Professional Authors

အစိမ်းရောင်

လူတိုင်းအလကားရတဲ့
ငါ့မနက်ခင်းတွေကိုတောင်
နေပြင်းတွေထိုးထိုးနေကြ
ဒေါင်လိုက်နဲ့ကန့်လန့်ဖြတ်မျဉ်းတွေမှာပဲ
နေ့နဲ့ညတွေ အကုန်မြန်တယ်
“်နာမည်ကိုပဲမှတ်သားမိတယ်
ရုပ်ကိုတော့မသိတော့ဘူးတဲ့”
ပြိုကျစေဖို့ချစ်သူရဲ့စကား
ကောင်မလေးရဲ့အစိမ်းရောင်မှာသွေးပျက်လုစဲစဲ
ဟောခပ်ပုပုကောင်မလေးတစ်ယောက်
ဆရာချောမှာတော့တစ်နေ့ဆိုတာရှိတယ်
ငါ့အကြောတွေသွေးသားတွေတော့
မူးယစ်မှူနဲ့ယောင်ကိုင်းနေပြီ
ရတယ်…ကျွန်တော်သိတယ်
ဟုတ်ကဲ့…ဆက်ပြောပါ ဟုတ်ပါတယ်
ရိုးသားတဲ့ဗမာလေးတစ်ယေက်
ဒါတွေနဲ့တင်ပြီးတော့မှာလား
ပုဒ်မချလို့မရသေးရင်လဲပုဒ်ထီးပဲချပ
ါတီမျဉ်းစောင်းအက်ဖ်မှာအဖြေကပေးပြီးသား
အစိမ်းရောင်ကြောင့်ပြာနှမ်းသွားတဲ့ပင်လယ်
အစိမ်းရောင်ကြောင့်ညိုမဲသွားတဲ့တောအုပ်တွေနဲ့
အစိမ်းရောင်ကြောင့်ထုံကျဉ်သွားတဲ့လက်တွေ
ဒါကြောင့် ကျွန်တော်လည်း
အစိမ်းရောင်သွေးကြောတွေကို….။ ။

02 June 2011

In: ကဗျာ Posted By: Date: Sep 24, 2012
Comment #1

😀 like

commentinfo By: MYM at Sep 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment