Professional Authors

ငါ့ရဲ့တတိယမြောက်ညီမလေး

ရုပ်ရည်ရဲ့ လှပမှုအပေါ်

ဖြူစင်အေးချမ်းတဲ့ စိတ်ကလေး အထွဋ်တင်

ရိုးရိုးယဉ်ယဉ်လေးနဲ့

ငါ့ရဲ့ ညီမလေး

ညီမလေးရဲ့ အရှိတရားအပေါ်

လေးစားစိတ်အခံနဲ့
မြတ်နိုးမှုတွေ အဖန်ဖန်ဖြစ်တည်နေပေါ့
လူသားတွေ အဇ္ဈတ္တတွေအပေါ် 


မင်းဘယ်မျက်လုံးတွေနဲ့ ဖတ်ရုနိုင်ခဲ့သလဲ?


အရွယ်နဲ့မမျှတဲ့ ရင့်ကျက်မှုတွေထဲ
မေတ္တာတရားတို့လျှမ်းကျနေလိုက်ပုံများ
တပါးသူရဲ့ အပူကယ်ဖို့

လူဖြစ်လာရော့သလား

ထင်မှတ်မှားလောက်တယ် 

ညီမလေး ရဲ့ ကရုဏာမျက်ဝန်းအိမ်

မေတ္တာတရားနဲ့ စိမ်ထားလေရော့သလား

အကြည့်လေးတွေက အေးချမ်းလိုက်တာ


ချိုသာတဲ့ စကားသံလှုပ်ရှားမှုဟန်ပန်များ

မြင်ကြားသူရင်ကို ရွှင်လန်းသွားစေခဲ့တယ်


မျိုးစေ့မှန်တဲ့ ညီမလေး

ရာသီမမှန်တဲ့ 
ပတ်ဝန်းကျင်လောကဓံမိုးရေကြားမှာ

အပင်သန်အောင်ရပ်တည်နိုင်ခဲ့တယ်

တကယ်ဆိုရင်

ညီမလေးက

အပူများတဲ့ ကန္တာရ လူသားတွေကြားမှာ

အေးအေးချမ်းချမ်းနဲ့ ပွင့်နေတဲ့ ပန်းကလေးပါ

ကရုဏာအဆင်း ချစ်ခြင်းဝတ်ရည်

ကိုယ်ကျင့်တရားမွေးရနံ့သင်းတဲ့

ပန်းမင်းသမီးလေးပါ

လူတွေထဲမှာ နေရင်း

ညီမလေး ရဲ့ မေတ္တာတရားတွေနဲ့

လူတွေကို လူနဲ့တူအောင် သင်ပြလိုက်စမ်းပါ

ကန္တာရဆန်တဲ့ 
နှလုံးသားတွေအတွက် 

အိုအေစစ်တစ်ခု ဖန်ဆင်းပေးလိုက်ပါ
ညီမလေးရယ်။

အထက်ပါပုံကို

ဒီမှ

In: ကဗျာ Posted By: Date: Dec 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment