Professional Authors

အပုန်း – နရီထက်

ပေါ်ပေါ်ထင်ထင်နှင့်
ပြောင်ထင်အောင် ခြေလျှောမထိုးတော့
ပြောင်လိမ်စားကြီး (ငနဲ) တဲ့လား…
နှစ်ဖက်သွားလည်း မဟုတ်
တစ်ဖက်သွား (ဘဲ)
နှစ်ဖက်ချွန် (သူလျှို)တဲ့လား
မိတ်ကပ် မကယ်
ပြောင်မျက်နှာနှင့်
စတိုင်ကျတဲ့ ဘွိုင်(BOY) ဖက်ရှင်က
ဟန်ပြတယ်
အတွင်းစိတ် ထမီအပတ်စား
လက်သီးပုံးတွေနှင့်
ထိုးကွင်းမှင်ကြောင်က
သက်သေတည်တယ်
ငါ ( မိုက်) တယ်
မိုးနတ်မင်းကို တိုင်တည်တယ်
သိကြားမင်းကို တိုင်ပြောမယ်
ငရဲမင်းကို ပန်ကြားတယ်
အတိုင်အပြော မကောင်းကြောင်းတွေနှင့်
အ၀ိစီမနက် ( နောက်ကွယ်က)
မိန်းမသားဆန် အတင်းများ မရောင်းရကြောင်းပါ (သခင်)
ယောင်္ကျားမာယာ ၉၀ လား
မိန်းမမာယာ ၉ ထွေလား
မာယာတော့ မာယာ (ဘဲ)
အခြောက်မာယာ ဆယ့်နှစ်ကြိုး (ရှုပ်) တဲ့လား
အိမ်ထောင်သည် သားမယားတွေနှင့်
ကျား(အစစ်)ကြီး
ဖွတ်(ကျား) မဟုတ်
ဖင်နှစ်ခွနှင့် ခြင်္သေ့လည်း မဟုတ်ဘူး (နော်)
နောက်ကျောက ဓါးချက်တွေနှင့်
သင်ခန်းစာ ( ၁ ) ( ၂) (၃ ) ပေးမယ့်
ရှေးသူရဲကောင်းတွေ ငိုချပြရလောက်တဲ့
ပုရိသ အနွယ်အဖွားတွေပါ
ကောင်းစားမယ်ဆို
တကိုယ်ကောင်းဆန်ပြမယ်
အတ္တတွေ ကြီးရဲတယ်
ကတိတွေ လွဲပစ်မယ်
” ဆိုခဲစေ ၊ မြဲစေ “
“မင်းယောကျာင်္းနည်း” ကို လွန်ဆန်ရဲတယ်

နရီထက်
( ၁၇ ၊ ဒီဇင်ဘာ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Dec 17, 2011
Comment #1

ကြိုက်တယ် ဒီကဗျာလေးကို ဒီအပှဒ်လေးတွေကို ပိုကြိက်တယ်
ဲပေါ်ပေါ်ထင်ထင်နှင့်
ပြောင်ထင်အောင် ခြေလျှောမထိုးတော့
ပြောင်လိမ်စားကြီး (ငနဲ) တဲ့လား…
နှစ်ဖက်သွားလည်း မဟုတ်
တစ်ဖက်သွား (ဘဲ)
နှစ်ဖက်ချွန် (သူလျှို)တဲ့လား
မိတ်ကပ် မကယ်
ပြောင်မျက်နှာနှင့်
စတိုင်ကျတဲ့ ဘိုင်(BOY) ဖက်ရှင်က
ဟန်ပြတယ် အဲအပှဒ်လေးတွေရယ်
အတွင်းစိတ် ထမီအပတ်စား
လက်သီးပုံးတွေနှင့်
ထိုးကွင်းမှင်ကြောင်က
သက်သေတည်တယ်
ငါ ( မိုက်) တယ်
မိုးနတ်မင်းကို တိုင်တည်တယ်
သိကြားမင်းကို တိုင်ပြောမယ်
ငရဲမင်းကို ပန်ကြားတယ်
အတိုင်အပြော မကောင်းကြောင်းတွေနှင့်
အ၀ိစီမနက် ( နောက်ကွယ်က)
အိမ်ထောင်သည် သားမယားတွေနှင့်
ကျား(အစစ်)ကြီး
ဖွတ်(ကျား) မဟုတ်
ဖင်နှစ်ခွနှင့် ခြင်္သေ့လည်း မဟုတ်ဘူး (နော်)
နောက်ကျောက ဓါးချက်တွေနှင့်
သင်ခန်းစာ ( ၁ ) ( ၂) (၃ ) ပေးမယ့်
ရှေးသူရဲကောင်းတွေ ငိုချပြရလောက်တဲ့
ပုရိသ အနွယ်အဖွားတွေပါ
ကောင်းစားမယ်ဆို
တကိုယ်ကောင်းဆန်ပြမယ်
အတ္တတွေ ကြီးရဲတယ်
ကတိတွေ လွဲပစ်မယ် အကြိုက်ဆုံး ပဲ ။အားပေးသွားတယ်။နည်းနည်း လေးတိုက်ဆိုင်သလားလို့  အလုမ် ခွင်ထဲမှာ ဖြစ်တတ်တဲ့သဘောလေးတွေပေါ့ (မှတ်ချတ်။ မည်သူမည်ဝါကို မှမရည်ရွယ်ပါဘူး)

commentinfo By: thuya at Dec 17, 2011
Comment #2

တစ်ပုဒ်လုံးကိုကြိုက်ပါတယ်ဗျာ……….
ခင်ခင်မင်မင်ရွှေကြယ်မိုး

commentinfo By: yaewintaung at Dec 17, 2011
Comment #3

အ ရမ်းကိုကောင်းပါတယ်……..

commentinfo By: May K ha at Dec 17, 2011
Comment #4

အား…..မိုက်တယ် အစ်ကိုတော်..အားပေးသွားတယ်…တအားကောင်းတယ် တအားလည်းကြိုက်တယ်ဗျာ….

commentinfo By: သားသား at Dec 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment