Professional Authors

“ ကန္တာရထဲက ရေ နဲ့ မြစ်ထဲက မြေ ”

ဘယ်လိုပဲ သောက်သောက်
လရောင်အောက်က အလွမ်းတွေကမချိုမြိန်ဘူး … ။
နင် ပျောက်တဲ့ဒီတစ်နှစ်ကလည်း
ငါ မဖတ်ဖြစ်တဲ့ သက္ကရာဇ်တစ်ခုပါပဲ …

နင် ဆိုတာကလည်း
ငါ့ဘ၀ရဲ့ ထောင့်ချိုးတစ်ခုအောက်မှာ
ခုမြင် ခုပျောက်
တစ်ခဏလောက်ပဲ မြင်ခွင့်ရခဲ့တဲ့
ရင်ထဲက သက်တန့်တစ်စင်းပါပဲလေ …

ပျံလွင့်နေတဲ့ အတွေးတွေကိုစုစည်းပြီး
တေးသွားတစ်ပုဒ် ဖန်တီးမယ်ကြံတော့
တစ်၊ နှစ်၊ သုံး၊ လေး ….
နင့် နာမည်သုံးလုံးပဲ ချရေးနေမိတယ် ။

ကောင်မလေးရယ် …
ရေပေါ်မှာ အရုပ်ဆွဲသူကို
ဘယ်လိုလက်က တွဲခေါ်ချင်ပါ့မလဲ …

ကောင်းကင်ကြီးတစ်ခုစာ မဟုတ်ပေမယ့်
ပင်လယ်တစ်ခုစာလောက်တော့ နားလည်ခဲ့ပါတယ် ။

တကယ်တော့ …
လက်တွေ့ဖန်တီးရတာ ခက်ခဲသလောက်
ခံစားချက်အပြည့်နဲ့ ချရေးရတာလည်း
ခက်ခဲပါတယ် ဆိုတဲ့အကြောင်း
နင် သိအောင် …
ဘယ်လို စာ လုံး ပေါင်း ပြ ရ ပါ့ မ လဲ … ။

In: ကဗျာ Posted By: Date: Dec 17, 2011
Comment #1

ti hmar par,
a yan khet de so tar

commentinfo By: ei lay at Dec 17, 2011
Comment #2

နင် ဆိုတာကလည်း
ငါ့ဘ၀ရဲ့ ထောင့်ချိုးတစ်ခုအောက်မှာ
ခုမြင် ခုပျောက်
တစ်ခဏလောက်ပဲ မြင်ခွင့်ရခဲ့တဲ့
ရင်ထဲက သက်တန့်တစ်စင်းပါပဲလေ

commentinfo By: May K ha at Dec 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment