Professional Authors

ဗလာမဲ

စိတ်ကူးများ . . .
ဖွာရင်းရှိုက်ရင်း နေ့စွဲများစွာကျန်ခဲ့
မနက်ဖြန်ကို မျှားမယ်ဆိုတော့
ဆန္ဒတွေ ပေါ့ပါးတတ်ပါရဲ့လား

လူသားများ . . .
ဆွဲအားပြင်းပြင်းတပ်မက်မှုတွေပေါ်
ကြွေကျ ကြေမွခဲ့ရ

အတ္တတစ်ချို့
နေ့ဖို့ညစာ လောင်ကျွမ်းခွင့်
အနာဂတ်ရာသီ . . . ဝေး
အိပ်မက်တွေ
အငွေ့တထောင်းထောင်း သေ . . . လို့

ဘ၀ဆိုတာ
ဒီလိုပဲ ရိတ်ရင်းသိမ်းရင်း
မီးလောင်တိုက်အသွင်းခံရတာမဟုတ်လား

ငါကတော့
သင်္ခါရကိုပဲ လက်ပွန်းတတီး ချစ်တယ်

                                          ကိုသျှား

In: ကဗျာ Posted By: Date: Dec 14, 2011
Comment #1

ခေါင်းစဉ် ကအစ ကဗျာတစ်ပုဒ် လုံးကို ကြိုက်တယ်…
ကောင်းပြီးသားကြီးကို ကောင်းကြောင်းမပြောတော့ဘူး…. 🙂

commentinfo By: terry at Dec 15, 2011
Comment #2

ဘယ်လိုပြောရမလဲပြောပါ်……..ကောင်းလွန်းပါ့တော်…:P

commentinfo By: May Kha at Dec 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment