နေတတ်သလိုသာ နေလိုက်စမ်းပါ !!!!
ငါ့ကိုယ်ငါတောင် အသက်ပြန်သွင်းဖို့
မကြိုးစားခဲ့ဖူးဘူးသူ ငါ…..
စွန့်ခဲ့တဲ့ နေရာကိုလည်း ပြန်လှည့်မကြည့်တတ်သူ။
နာကျင်စရာကောင်းတဲ့….အတိတ်
ငါက….အစဆွဲထုတ်သူတဲ့။
စွဲချက်တွေကို
ငြင်းခုန်မှုများ မလုပ်လိုက်လေနဲ့
သူ့ ဘက်ကလည်း မှန်သလို….ငါ့ဘက်လည်း ငါ…မှန်နေတာပဲလေ
နိယာမသဘောကိုက ၂ ဖက်လုံးအမှန်ပဲမဟုတ်လား။
တိုင်တည်မှု…..
လူတိုင်းမှာ တိုင်တည်မှုရှိနေမှတော့
အချိန်တွေကို တန်ဘိုးထားလိုက်စမ်းပါ
ဒါမှသာ….အမှန်ကန်ဆုံးမို့။
စကားရည် လုပွဲမှာ
စကားကြွယ်သူသာ အနိုင်လေ
နောက်ခံကြောရိုး မေးရိုးထုံးစံရှိခဲ့လား။
သိုးငယ်ကို ကျားပြောတဲ့လောက
ကျားကို သိုးငယ်လို့သတ်မှတ်တဲ့ လောကမှာ
နေတတ်သလိုသာ နေလိုက်စမ်းပါ
ဒါ….ယထာဘူတာကျကျ သဘောတရားပဲ။
(၁၈-၁ဝ-၂ဝ၁ဝ)
Comment #2
ကျေးဇူး ကိုလမင်းဇော် !
By: pannei at Oct 19, 2010
Comment #3
တွေးလို့ကောင်းတဲ့ကဗျာတစ်ပုဒ်ပါ
ဒီလိုကောင်းတဲ့ကဗျာကကုန်ကြမ်းဘယ်ကရလဲ
စပ်စုတယ်လို့မထင်နဲ့နော်
သူငယ်ချင်းကသိချင်တယ်ပြောလို့ပါ
By: khine at Oct 19, 2010
Comment #4
@ khine —
ဟုတ်ကဲ့…ခံစားချက်ပါ….လူတွေ၇ဲ့ဖြစ်တတ်တဲ့..ပြုမူတတ်တဲ့သဘောသဘာဝတွေကို ခံစားပြီးေ၇းထားတာပါ။
လောကမှာ ကျင်လည်နေသမျှကာလတစ်လျှောက် ကြုံတွေ့၇မယ့် သဘော..သဘာဝတွေပါ။ ဒါ..ပန်းအိ၇ဲ့ ခံယူချက်နဲ့ ယူဆချက်ပါ။
(ပြောတဲ့သဘောက အ၇ာအားလုံးကို ပြုံးပြီး နေတတ်သလိုသာ နေလိုက်တာ အပေါ့ပါးဆုံးပါ။ အ၇ာ၇ာကို အချိန်ကပဲ ပြောပြသွားတာပါ။ ကိုယ်တိုင် နှူတ်ကပြောမှ ပြောတာမဟုတ်ပါဘူး။) ကျေးဇူးပါ..ပွင့်ပွင့်လင်းလင်း မေးတာကို။ ကြိုက်သလို comment ပေးနိုင်ပါတယ်။ ပန်းအိ ဘယ်သူ့ဝေဖန်ချက်ကိုမှ လျစ်လျူမ၇ှူ့ပါဘူး။ အမြဲအလေးထားလျက်ပါ။
By: pannei at Oct 19, 2010
Comment #6
လေးစားလောက်တဲ့ အရေးအသားဘဲ ။
By: X - ray at Dec 25, 2011
Comment #7
wow,,,,,,,,
strong words fufil with different meanings
By: ei lay at Jan 14, 2012




Comment #1
သုံးထားတဲ့ စကားလုံးလေးတွေကို သဘောကျမိပါတယ်
ကဗျာကောင်းလေးပါ