Professional Authors

အဆုံးမရှိတဲ့ အချစ်ရဲ့ အစ

ပြီးဆုံးသွားဖို့မရှိဘူး …

အမြဲရှင်သန်နေမယ့်အချစ်တစ်ခု

နင့်အတွက် ငါ ပျိုး ထားတယ် …

 

နင်ပေးဖူးတဲ့ ကဗျာအပိုင်းအစလေးတွေ

ငါ တယုတယ ခိုးခိုးပြီးနမ်းရှိုက် …

နင့်အပြုံး ခပ်ပါးပါးပဲ ငါ ပိုင်ဆိုင်လိုပါတယ် …

 

ခုဆို … တရေးနိုးရင်တောင်

နင့်နာမည်ကို ခပ်တိုးတိုး ငါရေရွတ်နေတတ်ပြီ …

အဲ့ဒိလောက်ထိ ငြိတွယ်မိလေရဲ့ …

 

အမှန်နဲ့ အမှား .. ငါ ပျော်ပျော်ကြီး ဥပေက္ခာပြု

နင့်လက်ကို ဆုပ်ကိုင် …

ဒီလမ်း ဘယ်လောက်ကြမ်းလဲ …

နင်နဲ့ မခွဲတမ်းလျှောက်မယ် ….

 

ဟော … ကြယ်တွေကြွေတယ် …

ရှိပါစေတော့ကွယ် …

နင်သာရှိရင် ငါ့ဆုတောင်းတွေ အကုန်ပြည့်ပါတယ် …

 

နင့်စကားချိုချို … အရာရာထက် ငါ ပိုမက်တယ် …

တွန့်ချိုးထားတဲ့ မျက်မှောင်လေးကို ဖြည်ချ …

ချစ်ရယ် … ငါ့ကို ရယ်ပြပါဦးလား …

 

သ၀န်တိုတတ်တာကို အပြစ်မဆိုကြေးကွယ် …

မျက်တောင် တစ်ခတ်စာတောင်

အပျောက်မခံလိုတာမို့ …

 

ချစ်ရေ … နင့်ကိုလေ

ခွဲသွားဖို့ပြောနဲ့

တွေးလိုက်ရုံနဲ့တောင် မျက်ရည်တွေ ၀ိုင်း လို့  … ။

In: ကဗျာ Posted By: Date: Dec 10, 2011
Comment #1

wow,,,,
tay p ,,,tay p,,sayar.
heart a g g ko hti twar p

commentinfo By: ei lay at Dec 10, 2011
Comment #2

ခံစားချက်နဲ့တိုက်ဆိုင်လို့ကြိုက်တယ်…
အားေ ပးတယ်ေ နာ်….

commentinfo By: naychihtun at Dec 10, 2011
Comment #3

အမှန်နဲ့ အမှား .. ငါ ပျော်ပျော်ကြီး ဥပေက္ခာပြု

နင့်လက်ကို ဆုပ်ကိုင် …

ဒီလမ်း ဘယ်လောက်ကြမ်းလဲ …

နင်နဲ့ မခွဲတမ်းလျှောက်မယ် ….

commentinfo By: May Kha at Dec 10, 2011
Comment #4

အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ် … 🙂

commentinfo By: Nge Lay at Dec 10, 2011
Comment #5

အားပေးသွားပါတယ်..ညီမ

commentinfo By: အသဲကွဲမိုး at Dec 12, 2011
Comment #6

ဟော … ကြယ်တွေကြွေတယ် …

ရှိပါစေတော့ကွယ် …

နင်သာရှိရင် ငါ့ဆုတောင်းတွေ အကုန်ပြည့်ပါတယ် …
ဟာ….မိုက်တယ်ဗျာ….တစ်ပုဒ်လုံးကောင်းတယ်။
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 12, 2011
Comment #7

ငယ်လေး

စာသားတွေက ထိလှချည်လား
ခံစားချက်တွေ အရမ်းများနေပြီထင်တယ်
မ အားပေးသွားတယ်နော်

ကောင်းကင်ချို

commentinfo By: ကောင်းကင်ချို at Dec 12, 2011
Comment #8

ကျေးဇူး မ’ ရေ … 🙂

commentinfo By: Nge Lay at Dec 12, 2011
Comment #9

မအသဲကွဲမိုး နဲ့ ကိုpoem တို့လဲ ကျေးဇူးနော် … 🙂

commentinfo By: Nge Lay at Dec 12, 2011
Comment #10

နင်ပေးဖူးတဲ့ ကဗျာအပိုင်းအစလေးတွေ

ငါ တယုတယ ခိုးခိုးပြီးနမ်းရှိုက် …

နင့်အပြုံး ခပ်ပါးပါးပဲ ငါ ပိုင်ဆိုင်လိုပါတယ်

အင်း..ကဗျာတစ်ပုဒ်လုံးကြိုက်တယ်…မငယ်လေး..ခေါ် မရင်နွေးရေ..ဟီးဟီး
အားပေးသွားတယ်နော်
🙂

commentinfo By: သားသား at Dec 17, 2011
Comment #11

ဟဟဟ … 🙂 …

commentinfo By: Nge Lay at Dec 17, 2011
Comment #12

နိဒါန်းပျိုးထားတာလေးကစ မိတယ် ထိတယ်။ ကြိုက်တယ်။
ကဗျာလေး ဖတ်လို့အရမ်းကောင်းတယ်။
ထပ်တူခံစားအာပေးကြောင်းပါ။

commentinfo By: gadounlay at Mar 30, 2012
Comment #13

ဟုတ်ကဲ့ … ကျေးဇူးတင်ပါတယ်ရှင် … 🙂

commentinfo By: ငယ် at Mar 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment