Professional Authors

မိမိကိုယ်ကို ပျောက်ဆုံးခြင်း

ငါ့အသိစိတ်တွေရှုပ်ထွေးနေတယ်
ငါ့ဟာ ငါ့ကိုယ်ငါ ပျောက်ဆုံးနေလေရဲ့
အနာဂတ်ဆိုတာ မှန်းမျှော်ကြည့်ရင်တောင်
ရေးရေးမျှမျှမှ ပေါ်မလာတဲ့ ဗလာဟင်းလင်းပြင်ပေါ့
ဟိုးအရင်က တွေးမက်ခဲ့တဲ့
အိပ်မက်တွေကလည်း ယောင်ဝါးဝါးမျှ ရှိမနေခဲ့တော့ဘူး
ပျော်ရွှင်စရာအပြည့်လို့ ယူဆခဲ့တဲ့ ငါ့အပြန်ခရီးလည်း
ခုဆို ခြောက်သွေ့တိတ်ဆိတ်လို့ ကြိုဆိုသူမရှိခဲ့
ထားခဲ့မှာသိရက်နဲ့ မျှော်လင့်ချက် မြူမှုန်မျှလောက်သာ
ထားရှိခဲ့တာတောင်မျှ ရခဲ့တဲ့ဒဏ်ရာက စူးနက်နေလို့ပဲ
ဦးနှောက်ရဲ့ ထိန်းချုပ်မှုကို ခါးသီးစွာငြင်းဆန်မိတဲ့
ငါ့နှလုံးသားကတော့ မျက်နှာငယ်လေးနဲ့
မလှုပ်ရှားနိုင် အေးစက်နေလေရဲ့
မျက်နှာထက်က မာကျောကျော အေးစက်မှုကို
တပ်ဆင်ထားရတဲ့ ငါ့မျက်နှာရဲ့ ပြည့်စုံမှုကို
မျက်ဝန်းတစ်စုံရဲ့ ရီဝေမှုတွေက မဖြည့်ဆည်းပေးနိုင်ခဲ့ဘူး
ဟန်ဆောင်အပြုံးတွဲလွဲခိုနေတဲ့ နှုတ်ခမ်းတွေက
မဲ့တဲ့တဲ့ ဆိုတာ မျက်စိမှိတ်လို့ မသိယောင်ဆောင်နေရတယ်
နားထဲမှာ ကြားယောင်နေတဲ့ လှောင်ရယ်သံတွေကို
ဟာသတစ်ပုဒ်လို ရယ်မောနိုင်ဖို့
ငါအသဲအသန်ကြိုးစားနေမိတယ်
ဒီလိုနဲ့ပဲ………
နေ့စဉ်လည်ပတ် ပုံမှန်ဘ၀ထဲ ပြန်လည်သက်ဝင်ဖို့အတွက်
ငါ့နှလုံးသားအသေကောင်ကို ထမ်းပိုးရင်း
နှုတ်ခမ်းဖျားက မင်းနာမည်ကို တစ်ဖွဖွရေရွတ်လို့
ငါ……ကြိုးစားနေဆဲပဲ……

In: ကဗျာ Posted By: Date: Dec 13, 2011
Comment #1

hote de,,
hote de,,
tu tu be,,
sate shoke nay de.

commentinfo By: ei lay at Dec 13, 2011
Comment #2

Someone missing ! don’t worry!
Call me!
Agent
Searching department.

commentinfo By: sanday talk at Dec 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment