Professional Authors

လေလွင့်ကဗျာ

ဟန်ဆောင်ရတာကို
ကြိုက်လို့တော့ မဟုတ်ပါဘူး
မျက်ရည်တွေကို မုန်းလို့။ ။
အရှုံးကိုရော
ဘယ်သူက လိုချင်မှာလဲ
ငါကတော့ အနည်းဆုံး
ကိုယ့်ကိုကိုယ် ရှုံးနေရတယ်။ ။
အလွမ်းဆိုတာကြီးကိုရော
ဘယ်သူခံနိုင်မှာတုန်း
ငါတစ်ယောက်ထဲ
ရှိသမျှ အလွမ်းတွေထမ်းထားရသလိုပဲ။ ။

အဆုံးမသတ်နိုင်တဲ့
ကဗျာတွေစပ်တယ်
နင့်ကိုလွမ်းလွန်းလို့
ပြီးတော့မငိုဘူးဆိုပြီး
(မရမှန်းသိရဲ့နဲ့)
ဟန်ဆောင်ကြည့်တယ်
မရတော့ ငါရှုံးပြန်တယ်။ ။

ဘယ်မှာလဲဟင်
မုန်တိုင်းကင်းတဲ့ကောင်းကင်
မျက်ရည်ကင်းတဲ့ တိမ်တိုက်
ဝေးခြင်းကင်းတဲ့ အကွာအဝေး။ ။

ကြက်ခြေခတ် X

In: ကဗျာ Posted By: Date: Aug 2, 2010
Comment #1

ကဗျာတွေက အရမ်းကောင်းတယ်နော်…ဖြူလေးက ….အကိုရေးတဲ့အထဲမှာ…အလွမ်းကဗျာတွေကိုပိုကြိုက်တယ်သိလား…..ဘာလို့လဲဆိုတော့….

commentinfo By: Phyu Lay at Aug 4, 2010
Comment #2

ဖြူလေး….. ” နင်မသိဘူးမလား” ဖတ်ကြည့်လိုက်နော်……ငါ့ကို နာမ်စားပြောင်းခေါ်ပါတော့ဟာ….:)

commentinfo By: ကြက်ခြေခတ် at Aug 4, 2010
Comment #3

အလွမ်းသမားဆိုတာကတော့ လွင့်မျောနေရဦးမှာပါ…။

commentinfo By: ဇင်သော့ at Aug 14, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment