Professional Authors

တစ်ကြိမ်တစ်ခါ

ငါချစ်တဲ့ မင်းမျက်နှာကို
တစ်ကြိမ်တစ်ခါ ဖူးခွင့်ရ ပါရစေ
တောက်ပတဲ့ မင်းအပြုံးကို
တစ်ကြိမ်တစ်ခါ ငေးမော ပါရစေ
နူးညံ့တဲ့ မင်းအကြည့်ကို
တစ်ကြိမ်တစ်ခါ စူးစိုက် ပါရစေ
နွေးထွေးတဲ့ မင်းလက်တစ်စုံကို
တစ်ကြိမ်တစ်ခါ ဆုပ်ကိုင် ပါရစေ
ပြေပြစ်တဲ့ မင်းနဖူးတစ်စုံကို
တစ်ကြိမ်တစ်ခါ နမ်းရှိုက် ပါရစေ
ခိုင်မာတဲ့ မင်းပုခုံးတစ်စုံ
တစ်ကြိမ်တစ်ခါ မှီခို ပါရစေ
ငါမြတ်နိုးတဲ့ မင်းကို
တစ်ကြိမ်တစ်ခါ ထွေးဖက် ပါရစေ
တစ်ကြိမ်တစ်ခါထဲပါချစ်သူ…
တစ်ကြိမ်တစ်ခါသော အရေအတွက်ကို
တစ်ဘ၀လုံးအမှတ်တရအဖြစ်
ယူဆောင် ပါရစေ….

In: ကဗျာ Posted By: Date: Dec 5, 2011
Comment #1

ကောင်းလိုက်တဲ့ကဗျာလေး…
တစ်ကြိမ်တစ်ခါသော အရေအတွက်ကို
တစ်ဘ၀လုံးအမှတ်တရအဖြစ်
ယူဆောင် ပါရစေ….
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 5, 2011
Comment #2

he,,he,,
only once?

commentinfo By: ei lay at Dec 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment