Professional Authors

“သေပန်း”

နှောင်းခဲ့တဲ့ ဒီဇင်ဘာဟာ
ရှိုက်သံတွေ ဆူညံဝေလို့
အတိတ်ဟာ …တိတ်တိတ်လေးနေခဲ့မိရင် အကောင်းသား..။

ကြိမ်ဖန်များစွာ ရူးခဲ့ပါရဲ့ …
ကြိမ်ဖန်များစွာ ဦးခဲ့ပါရဲ့….
ကြိမ်ဖန်များစွာ စူးခဲ့ပါရဲ့
သစ္စာတရားများဟာ အမိုက်မှောင်အထာတွေ များတယ်။

တစ်ကြိမ်တစ်ခါမှာတော့………
ကဗျာဟာ ကျွန်နော်အတွက် လူသတ်လက်နက်.။

တကြိမ်တစ်ခါမှာတော့……
မိသားစုဟာ ကျွန်နော့်အတွက် အစိမ်းရောင်လိပ်စာ .။

တစ်ကြိမ်တစ်ခါမှာတော့
ကျွန်နော်ဟာ ကျွန်နော့်အတွက် လူသတ်လက်နက်.။

သိပ်ပီး အစိမ်းရောင်ဆန်သွားရင် ကမ္ဘာဟာ အပြာရောင်တောက်သွားမယ်..။
ဒီ ကဗျာဟာ ကျွန်နော့်အတွက် လူသတ်လက်နက်.။
ဒီ ကဗျာဟာ ခပ်နှောင်းနှောင်းမှ ပွင့်သင့်တဲ့ပန်း။

waimhucho

ဒီဇင်ဘာ ၁

In: ကဗျာ Posted By: Date: Dec 3, 2011
Comment #1

လုလင် အားပေးသွားသည်

Comment #2

ကြိမ်ဖန်များစွာ ရူးခဲ့ပါရဲ့ …
ကြိမ်ဖန်များစွာ ဦးခဲ့ပါရဲ့….
ကြိမ်ဖန်များစွာ စူးခဲ့ပါရဲ့
သစ္စာတရားများဟာ အမိုက်မှောင်အထာတွေ များတယ်။

အကိုရေ….”အမှန်တော့မှားခဲ့တယ်”လေးတွေတင်ပေးပါဦးဗျာ….

commentinfo By: သက္ကရာဇ် at Dec 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment