Professional Authors

ဆေးရောင်စုံအိမ်မက်လေးမက်ခွင့်ပေးပါ

ဆေးရောင်စုံအိမ်မက်လေးမက်ခွင့်ပေးပါ

နာကျင်မှုတွေလည်း ခြောက်ကပ်ကပ်ရယ်သံတွေနဲ့

လိုအပ်မှုတစ်ခုကို တောင်းတနေတယ်

ဘယ်အရာလည်းဆိုတာ မသေချာပေမယ့်

အနားမှာရှိရင် အရာရာရင်ဆိုင်ရဲမှာပါ

အတိတ်စိမ်းစိမ်းက မှတ်တမ်းတချို့က

နှလုံးသားပေါ်မှာ Tattoos ထိုးထားသလို

ဘယ်တော့မှမပျောက်ဆုံးတဲ့ ချစ်ခြင်းတွေနဲ့ပေါ့

အလွမ်းတွေလည်း ကဗျာမှာသက်သေတည်တယ်

သံစဉ်မှာလွမ်းခြင်းထပ်လို့ သီချင်းတွေငိုနေတယ်

သတိကို အသိနဲ့ထိမ်းလို့ သစ္စာကိုမယိမ်းစေခဲ့

အချစ်ကို အသစ်နဲ့လည်းစိတ်မဖြေဘူး

မင်းမရှိတဲ့လွမ်းခန်းမှောင်နေပါစေ မီးမတွန်းဘူး

အတိတ်ကအိမ်မက်ကို အားတစ်ခုလို့မှတ်ယူမယ်

ရာဇ၀င်ထဲမှာ ချန်ထားခဲ့တဲ့ အိမ်မက်ဟောင်းလေးရေ

နူးညံ့တဲ့နှလုံးသားလေး မနာကျင်ရအောင်

ညအိမ်မက်ကို ဆေးရောင်စုံလှလှချယ်ပေးပါဦး

လူသစ်

In: ကဗျာ Posted By: Date: Dec 3, 2011
Comment #1

အားပေးပါတယ်…။

commentinfo By: SoFarAwayFromU at Dec 3, 2011
Comment #2

လုလင် အားပေးသွားပါတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment