Professional Authors

လေးဆဲ့ရှစ်နှစ် အကြို ရွှေရတုနှစ်သစ်

သူ့….အသက် လေးဆဲ့ရှစ် ရောက် နေရာမှာ
ကိုယ်ပိုင်လို့ မသတ်မှတ်ခဲ့
စနစ်ကျတဲ့ နည်းနာတွေ
နူးညံ့စွာ သက်သေထူလို့
စွမ်းအင်ပကားတွေက
ရွှေရတုနှစ်သစ် သက္ကရာဇ်သစ်နဲ့
မိတ်ဆွေကောင်းလည်း ရောက်ခဲ့ပြီ…။

သူ့….အသက် လေးဆဲ့ရှစ်နှစ်မှာ နေရာ ရရှိခဲ့
ငါးဆယ်ရောက်တော့ ဧည့်သည်တော်ရောက်
ရွှေရတုနှစ်သစ် သက္ကရာဇ်တွေမွေးဖွား
လသားအရွယ် နုနယ်တဲ့
ပလ္လင်ကြားမှာ ကတိစကားများ ခန့်ညား
မြောက်ပိုင်းအလုပ် ရပ်ဆိုင်းဖို့ အသိတရား
အတိက်က ခြေရာများ ခေါင်းပေါ်ရောက်လာတဲ့
တာဝန်များက ဒီဇင်ဘာ ဆောင်းညမှာ
ချမ်းခိုက်တုန်းလို့ မဝံ့မရဲ ခွန်းတုန့်ပြန်ရင်း
ဝမ်းသာခြင်း တံခါးများပွင့်ခဲ့
ကမ္ဘာကြီးထဲ ဝင်ရောက်ခဲ့ပြီ….။

အိပ်ဆေးခတ်တဲ့ အိပ်အမှောင်ထဲက
အလင်းရောင်တံခါးပွင့်ပြီးမို့
နိုးကြားခြင်း မနက်ဖြန်အတွက်
အကောင်းဆုံးရလာဒ်တွေနဲ့
ရောင်နီဦးကို ကြိုဆိုရင်း
ဒီဇင်ဘာ တစ်ရက်နေ့
ရွှေရတု နှစ်ငါးဆယ်မှာ
အဆွေတော် မိတ်ဟောင်းကို
လက်တွဲနှုတ်ဆက် ဂတိကဝတ်တွေနဲ့
ပြူငှာစွာ ဧည့်ဝတ်ပြုရင်း
အနာဂါတ်အရေး တိုးတက်ရေး
အိပ်ပျော်ရာမှ နိုးကြားရေးကို
အလင်းပေးလို့ မိန့်ချွေခဲ့တာ
ထတော့…ထတော့… တို့…ပြည်ရွာ…။

“သတိ”……..

သမိုင်းဝင်…
ရွှေ”ရ”တု အထိမ်းမှတ်ကို ရွှေ”အ”တု အထိမ်းမှတ်လား
မေးခွန်းမရှိ တိုးတက်စေချင်သည်…။
ချောင်းနေတဲ့ ကျားနဲ့ စောင်းနေတဲ့ နဂါးလို
နွားကွဲရင် ကျားဆွဲမဲ့
တိုက်ခိုက်ခြင်းတွေ ခဝါချလို့
လေးဆဲ့ရှစ်နှစ် အကြို ရွှေရတုနှစ်သစ်ရဲ့
မော်ကွန်းတင် အောင်မြင်မှုဆီသို့
အတူတူခရီးဆက်ကြစို့… သူကြီးရာ…။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Dec 2, 2011
Comment #1

နှစ်ငါးဆယ် ရွှေရတု ကြိုဆိုလို့ သမိုင်းဝင် အပြုံးတွေနဲ့ လျှောက်လှမ်းခဲ့တာ အရှေ့တိုင်း အလှ သာခဲ့တယ်.. အမေ

Leave Comments

Name*

Email*
Website
Email me whenever there is new comment