Professional Authors

ကျွန်မသေသွားခဲ့၇င်

တကယ်လို့များ
ကျွန်မသေသွားခဲ့ရင်
ကျွန်မရဲ့ အုတ်ဂူဖြူဖြူလေးပေါ်မှာ
နှင်းဆီပန်းတွေလာတင်စရာမလိုပါဘူး
နွေရာသီပဲဖြစ်ဖြစ်
ဆောင်းရာသီပဲဖြစ်ဖြစ်
ကျွန်မတယောက်တည်းလဲလျောင်းပါရစေ..။
လိုချင်သမျှ၊လိုအပ်ခဲ့သမျှသောအရာရာကို
လက်လွှတ်ဆုံးရှုံးပြီးမှတော့
ပန်းတစည်းက အလကားပါပဲ…။
ကြာရင်မေ့သွားမယ့်
သေသောသူ ကျွန်မ အတွက်
ပန်းတစည်းကိုအသုံးချပြီး
သောကလူလုံးပြနေဖို့မလိုပါဘူး…။
ဒါကြောင့်
ကျွန်မသေသွားခဲ့ရင်
ကျွန်မအုတ်ဂူပေါ်မှာ
ပန်းတစည်းလာမချစေချင်ဘူး….။

In: ကဗျာ Posted By: Date: Dec 1, 2011
Comment #1

right…
i agree with u.
bar hma ma htoo bu lay,,,ma tay khin hmar kyin kyin nar nar ne shi tar ko pe lo chin de,
tay twar hma wan ne pay loh a po pe.
lat shi a chain tway ko pe tan phoe htar ya hmar…naung ta so tar le ma ya chin bu,

commentinfo By: ei lay at Dec 1, 2011
Comment #2

တကယ်ကို တွေးစရာတွေပါတြံကဗျာပါပဲ
ရိုးရိုးလေးနဲ့ ဆန်းနေတယ်….
စိတ်ချ….ကျွန်တော်ပန်းလာ မတင်ပါဘူး
ဒါပေမယ့် ကျွန်တော့်ကဗျာ စာရွက်တစ်ရွက်လာတင်မယ်

commentinfo By: yaewintaung at Dec 1, 2011
Comment #3

သေသောသူ ကျွန်မ အတွက်
ပန်းတစည်းကိုအသုံးချပြီး
သောကလူလုံးပြနေဖို့မလိုပါဘူး…။

commentinfo By: Khinchawsu at Dec 1, 2011
Comment #4

I remember ”Christina Rosette” after I read this poem.

commentinfo By:ူlynnthantkoko at Dec 1, 2011
Comment #5

စကားလုံးတွေအတွက်
ဘာမှ မပြောရက်ဘူး
အဲဒီအတ်ုင်း
ပစ်ချလိုက်သလိုကဗျာလေးကို………ချစ်တယ်

commentinfo By: tar way at Dec 2, 2011
Comment #6

🙂 ကျွန်တော်လည်း ရဲ ၀င့်အောင် ကဗျာတပုဒ်ပါတဲ့ ကဗျာစာရွှက် လာတင်မယ်
ကဗျာလေး က ၇ိုးရိုးလေး နဲ့  ကောင်းတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment