စိတ်အနာ
ချစ်သူများနေ့တွင်
ချစ်သူများနှင့် ပြတ်စဲလိုက်ခြင်းအား
ပညာရပ်တစ်ခုအား တတ်မြောက်သွားသည်ဟု…
အဆက်အသွယ်ဆိုသောစကားအား မုန်းတီးမှုကြောင့်
ချစ်သူအား ဖုန်းဆက်ခြင်းမှ ရပ်တံ့လိုက်သည်
နားအေးပါးအေးရှိလာသည်ဟု….
ပျက်စီးသွားသည်ဆိုသောအရာများအား
အမြတ်တနိုးကောက်ယူ နမ်းရှိုက်
ငါသည် မက်မောတတ်လာပါလားဟု….
ချစ်သူအား မသိသူအဖြစ်
ရန်သူအား မောင်နှမသဖွယ်
ငိုခြင်းအား ဟာသတစ်ခုအဖြင့်
မြေကြီးအား ကောင်းကင်ထင်
ကောင်းကင်သည် နိမ့်ကျကြောင်း
ငရဲနှင့် နိဗ္ဗာန်သည် အထပ်မြင့်တိုက်၏ အထပ်များ
သူရူးနှင့် သူကောင်းအား တံတားလေးကသာ သိကြောင်း
သတင်းစာနှင့် ဂျာနယ်အား ရုပ်ပုံနဲ့ခွဲကြည့်
လူကြီးလူငယ်အား ၁၈ နှစ်နှင့်တိုင်း
ဥာဏ်ပညာများအား ပေတံနှင့် လိုက်လိုက်ထွာရသည်ဟု
မဖြစ်စလောက်အား ဖြစ်လောက်အောင် ချဲ့
ကြီးကျယ်သူများအား ချုံ့
မိတ္ထူစက်ဖြင့် မကောင်းမှုများအား ပွားများ
ကာလာများအား မိန်းမတွေမျက်နှာပေါ်တင်
လူရိုးအား သူဿန်အပြင်တွင်တွေ့လိုတွေ့ငြား
အတင်းကာရောများအား လက်ဖြင့်ပုတ်ချ
အိပ်နေသူတွေ လှုပ်နှိုး
ပျော်ရွှင်နေသူတွေ စိတ်ပျက်စေ
ရီရင်း ရီရင်း အူလိမ့်စေ
အယူအဆများအား ချဲ့ထွင်ရင်း ချဲ့ထွင်ရင်း
ဝင်သွားသည့်နေပေါင်း
ကွယ်သွားသည့်လပေါင်း
ရွေ့သွားသည့်တိမ်ပေါင်း
တိုက်သွားသည့် လေပမာဏ
လှုပ်ဖူးသည့် ငလျင်
ခပ်ရှုပ်ရှုပ် အသွင်ဆောင်
ရှင်းရှင်းလေးပဲ ပြခဲ့သည်
(သူမ မနောသည် ကယောက်ကယက်)
ကြက်ခြေခတ်X
1145pm 14 02 2011 monday
Comment #2

By: Thang Thang at Oct 12, 2011
Comment #3
ပျက်စီးသွားသည်ဆိုသောအရာများအား
အမြတ်တနိုးကောက်ယူ နမ်းရှိုက်
ငါသည် မက်မောတတ်လာပါလား
goodအားပေးသွားပါတယ်။
By: poem.poem28 at Oct 12, 2011
Comment #4
သူရူးနှင့် သူကောင်းအား တံတားလေးကသာ သိကြောင်း
သတင်းစာနှင့် ဂျာနယ်အား ရုပ်ပုံနဲ့ခွဲကြည့်
လူကြီးလူငယ်အား ၁၈ နှစ်နှင့်တိုင်း
ဥာဏ်ပညာများအား ပေတံနှင့် လိုက်လိုက်ထွာရသည်ဟု
မဖြစ်စလောက်အား ဖြစ်လောက်အောင် ချဲ့
ကြီးကျယ်သူများအား ချုံ့
မိတ္ထူစက်ဖြင့် မကောင်းမှုများအား ပွားများ
ကာလာများအား မိန်းမတွေမျက်နှာပေါ်တင်
လူရိုးအား သူဿန်အပြင်တွင်တွေ့လိုတွေ့ငြား
အဲ့ဒီနေရာလေးတွေ…တော်တော်ကြိုက်တယ်..ဗျာ…..။
By: terry at Oct 13, 2011

Comment #1