Professional Authors

ငါ့ဘ၀ဟာ မီးလောင်နေတယ်မိသူဇာ

ငါ့စိတ်ပေါ် မင်းစကားတွေလာစွန်းတဲ့အခါ ငါဟာ ကြေကွဲမှုတွေရေးခြစ်ခံလိုက်ရတဲ့ပန်းချီကားတစ်ချပ်
ငါ့ရင်ဘတ်ပေါ် မင်းဆံနွယ်တွေလွင့်မျောထိခတ်တဲ့အခါ ငါဟာ လှိုင်းပုတ်ခံနေရတဲ့ကမ်းစပ်
ငါ့မျက်လုံးဆီ မင်းရဲ့စူးရှတဲ့အကြည့်တွေစိုက်ဝင်လာတဲ့အခါ ငါဟာ အရိုးစူးနေတဲ့လည်ချောင်း
ငါ့အနံ့ခံအာရုံပေါ် မင်းကိုယ်သင်းနံ့တွေဖြတ်တိုက်လာတဲ့အခါ ငါဟာ ဘယ်ကိုစီးဆင်းရမှန်းမသိတဲ့မြစ်
မင်းက အနိုင်ရလိုမှုသက်သက်ခြေလှမ်းမျိုးနဲ့ ချစ်ခြင်းမေတ္တာကို လမ်းခင်းတယ်
ငါက ခြေကျွံနေတဲ့အသားကျရှုံးနိမ့်မှုတွေနဲ့ ချစ်ခြင်းမေတ္တာကို ဆက်လျှောက်တယ်
မင်းကို ငါ့ရင်ခွင်ထဲထွေးပွေ့ထားတာဟာ စနက်တံဖြုတ်ပြီးသားဗုံးတစ်လုံးကို မြိုချထားရတာပါပဲ
မင်းကို ငါ့စေတနာစကားတွေပြောမိတာဟာ ငါ့လျှာပေါ်ငါကိုယ်တိုင်ဓားသွေးခဲ့ရတာပါပဲ
မင်းမခေါ်ဘဲ ရောက်လာခဲ့မိတဲ့ငါပေါ့ မင်းနှင်နှင် မနှင်နှင် ငါ့မှာပြန်စရာမရှိဘူး
ငါဟာ အချစ်မှာ ဆေးမမီတော့တဲ့လူပါ ငါဟာ မင်းစိတ်မှာ ကိုယ့်အိမ်ကိုယ့်ယာလို ဖျားနာနေခဲ့ပေါ့
မင်းမပြောလဲ ငါသိပါတယ်မိသူဇာရယ်
မိန်းမဆိုတာ မီးပါပဲ ပေါ့ပေါ့ဆဆသဘောထားမိရင် ဘ၀တစ်ခုလုံး လောင်ကျွမ်းသွားတတ်တယ်
                                                                                                            
                                                                                                                 ကိုသျှား      

In: ကဗျာ Posted By: Date: Nov 30, 2011
Comment #1

ကိုသျှား ကဗျာ တွေ မဂဇင်းတွေ မှာ လည်း ဖတ်ရပါတယ်
Image မှာ ထင်တယ်

Comment #2

ကိုလုလင် ပြောတာဟုတ်ပါတယ်
ကျွန်တော့်ကို အခုလို အသိအမှတ်ပြု အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
ကိုသျှား

commentinfo By:ူlynnthantkoko at Dec 1, 2011
Comment #3

တကယ်ကို ကောင်းတဲ့ကဗျာလေးပဲကြိုက်တယ်

commentinfo By: yaewintaung at Dec 1, 2011
Comment #4

ငါဟာ အချစ်မှာ ဆေးမမီတော့တဲ့လူပါ ငါဟာ မင်းစိတ်မှာ ကိုယ့်အိမ်ကိုယ့်ယာလို ဖျားနာနေခဲ့ပေါ့
…………
တကယ်ကိုကောင်းမွန်တဲ့ကဗျာလေးပါ

commentinfo By: အသဲကွဲမိုး at Dec 2, 2011
Comment #5

မင်းမပြောလဲ ငါသိပါတယ်မိသူဇာရယ်
မိန်းမဆိုတာ မီးပါပဲ ပေါ့ပေါ့ဆဆသဘောထားမိရင် ဘ၀တစ်ခုလုံး လောင်ကျွမ်းသွားတတ်တယ်

အခေါက်ခေါက်အခါခါ ပြန်ဖတ်ဖြစ်သွားတဲ့ ကဗျာ……….

commentinfo By: terry at Dec 3, 2011
Comment #6

ကိုသျှား မိသူဇာနဲ့  ခ၇မ်းပြာ ဆို၇င် နှစ်ယောက်တောင်၇ှိပီနော်…၊
၇င်တွင်းညှစ် ကဗျာတွေပဲလား ..။
ဘယ်သူကအ၇င်လဲ …:D

commentinfo By:ုKhin chaw su at Dec 7, 2011
Comment #7

မခင်ချောစုရေ …
စိတ်ကူးထဲက မိန်းမချောလေးတွေပါဗျာ…
ကိုသျှား

commentinfo By: lynnthantkoko at Dec 7, 2011
Comment #8

(မိ)သူဇာ 🙂

commentinfo By: နတ်သမီး at May 7, 2012
Comment #9

wow,,,,,
lots of gf?
it’s called men.

nice creation.
nice words,
nice style.

commentinfo By: ei lay at May 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment