Professional Authors

သတိမေ့ခြင်း

သုညနဲ့ ကိန်းပြည့်ပေါင်းလို့ ကိန်းပြည့်ဖြစ်တိုင်း
နင်…ပြန်ချစ်မလား အတွေးမှား
ငါ..တော်တော် ရိုင်းသွားပြီလား……..

ကိန်းပြည့်နောက်က သုညလို လက်တွဲဖော်ကို တမ်းတတဲ့ ငါ..
နင်ထားပေးတဲ့ ဒဿမနောက်မှာ
အောက်တန်းစား သာသာပေါ့……

ဘာပဲဖြစ်ဖြစ် သုညတော့ ငါဖြစ်တာပဲ
ဒဿမဆိုတဲ့ လက္ခဏာ
နင်…ဖြုတ်ပေးဖို့ မေ့တာနေမှာပါ….

In: ကဗျာ Posted By: Date: Jan 1, 2011
Comment #1

goodတယ်။အားပေးနေတယ်

commentinfo By: genius.jinx28 at Jan 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment