Professional Authors

လူအ..

စိတ်တေလေဆိုတာ..

 

အရာရာကို ရွက်ကုန်ဖွင့် ပြီးတော့..

 

တက်စုန် လွင့်….တတ်တယ်

 

အင်အားမရှိရင် 

 

အမှန်တရားမရှိ….

 

လက်ကလေးတွေ ဖျစ်ညှစ်ပီး

 

ရင်ခုန်သံကို ခပ်တိုးတိုးလေး

 

နားထောင်ကြည့်တော့…

 

ရိုးသားမိဖူးရင် ၂ခါသေတတ်တယ်တဲ့..

 

အရက်ဆိုင် မှာ အကြွေးတွေ 

 

သွားရှင်းတုန်းက တစ်ခါကြားခဲ့တယ်…

 

ရင်ခုန်သံတွေ ကို ရဲ ရင့်  လိုက်ကြဖို့..

 

မနက်ဖြန် တွေကို ခဏလောက် ဂျောင်ထိုးထားလိုက် ဖို့…

 

မူလတန်းထဲ က မသင်ခဲ့ တဲ့ ကောင်လေ…

 

လောကရဲ့ ခက်စစ်တွေမှာ…

 

အလင်း အမှောင် မှ တပါး 

 

အရာ အားလုံး ကို မေ့ ပစ်ဖို့ ကြိုးစားတုန်း..

 

ဒိလို ဘဲ ပေါ့ ..

 

နတ်သီမီး ရယ်..မင်း မေ့ထားခဲ့ ချိန်တွေမှာ….

 

ငါ ဟာ ဂျစ်ပစီတစ် ယောက် အဖြစ်

 

သွေးရိုးသားရိုး နေထိုင်ခဲ့တယ်.. 

 

ရိုးသားခြင်းဆို တဲ့ မျက်နှာဖူံး နဲ့….

 

လူတွေ ကို အရွဲ့ တိုက်ခဲ့…

 

တကယ်တမ်း…

 

ခင်များတို့ ..ကျွန်တော် တို့ 

 

မေ့ နေခဲ့ တဲ့ အချက် က…

 

လူတိုင်း ရဲ့ သွေးဆိုး တယ် ဆိုတဲ့ 

 

အချိန်တိုင်း ကို…

 

ဟောဒိ ကမ္ဘာ ကြီး က …

 

၂၃ ၁/၂ ဒီဂရီ စောင်းပီး

 

ပြန်လှည့် ပြခဲ့ တယ် ဆိုတာဘဲ…

In: ကဗျာ Posted By: Date: Nov 28, 2011
Comment #1

ခင်များတို့ ..ကျွန်တော် တို့

မေ့ နေခဲ့ တဲ့ အချက် က…

လူတိုင်း ရဲ့ သွေးဆိုး တယ် ဆိုတဲ့

အချိန်တိုင်း ကို…

ဟောဒိ ကမ္ဘာ ကြီး က …

၂၃ ၁/၂ ဒီဂရီ စောင်းပီး

ပြန်လှည့် ပြခဲ့ တယ် ဆိုတာဘဲ…

Leave Comments

Name*

Email*
Website
Email me whenever there is new comment