Professional Authors

နှင်းပျောက်တဲ့ ဆောင်း

ဝင်သက်ထွက်သက် အသက်ရှုမရပ်ခင်
ချစ်သက်တွေခြွေ လွမ်းမျက်ရည်စက်တို့
စီးဆင်းနေတဲ့ မြစ်ပင်လယ်ထဲ
နှင်းစက်လေးတွေ ငိုကြရင်း
သတိရမိတယ် ဒီ ဆောင်းဟေမာန် ရယ်…။

ဒီဇင်ဘာ မိုးစက်များက
နှင်းစက်လေးများအောက် ခစားရင်း
မြူနှင်းတိမ်ယံ ဟိုတောင်တန်းထက်မှာ
ရစ်သိုင်းကာ ချစ်သက်သေတွေ ထူနေပါရဲ့
မသိတက်တဲ့ ဒီ ဆောင်းတစ်ညမှာတော့
အေးစက်စက် ချမ်းတုန်ခိုက်လို့
ရင်ခွင်မှားထဲ အိပ်ခဲ့ဖူးတယ်.. ဒီ ဆောင်းဟေမာန်..။

ညိုပြာရီမှောင် ညသန်းခေါင်မှာ
ဆောင်းနှင်းမြူ မြောက်လေရူးတွေ
ဆော့ကစားလေတော့ ချမ်းစိမ့်စိမ့်
နှလုံးသားတွင်း ကျိတ်မှိတ်ခံစား
မနေ့က ဆရာဝန်ပေးတဲ့
ဆေးစာနဲ့ ဆေးများကို ကောက်ယူရင်း
မော့သောက်မိတယ် ဒီ ဆောင်းတစ်ညပေါ့….။

အသက်ရှုမှားသွားတဲ့ ဆောင်းတစ်ညကို
ကျော်ဖြတ် အသက်ရှင်သန်ရင်း
နှင်းမြူတွေရစ်သိုင်းသော လေဟာနယ်မှာ
လွတ်လပ်စွာ ဝင်သက်ထွက်တွေကို
ရှုရှိုက်ပြီး ခံစားချက်တွေ
ထွက်ပေါက်ရှာလိုက်မိတာ… အခုတော့
နှလုံးသား ကြမ်းပေါက်တစ်ခုကိုတွေ့ရှိလို့
လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ပြီ.. သူအတွက်ပေါ့..။

နွေဂိမှန် ပူလောင်ခြင်းတွေနဲ့
ဝသန်မိုးသား အေးမြခြင်းတွေက
ဆောင်းဟေမာန်ကို ရိုက်ခတ်လို့
နှင်းမုန်တိုင်းတစ်ခု ကမ္ဘာကိုဖြတ်သန်းရင်း
ကြွေကျခဲ့ နှင်းစက်လေးတွေရဲ့
ခံစားချက်တွေကိုတော့ လက်ကျန်သူအတွက်
သတိရခြင်း အမှတ်တရပေါ… ဒီ ဆောင်းဟေမာန်…။

ရင်မှာပြိုချ ဆောင်းတစ်ညကို
ကျော်ဖြတ်ရင်း နှင်းစက်လေးများ
နှလုံးသားမှာလွှမ်းမိုးလို့ ချမ်းတုန်ခိုက်
သွေးခဲစွာအေးစက် မေ့မျောခဲ့တဲ့
နေ့ရက်တွေကို ရေတွက်ရင်း
ပျောက်ဆုံးသွားတဲ့ နှင်းစက်တစ်ပွင့်ကို
ရှာဖွေခဲ့တာ… ဒီဆောင်းတစ်ညပေါ့…။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Nov 27, 2011
Comment #1

အော်………..
လို့ ပဲရေရွတ်ရင်း အားပေးသွားပါတယ်

commentinfo By: yaewintaung at Nov 28, 2011
Comment #2

ကျေးဇူးကမ္ဘာပါ ခင်ဗျာ…. အထူးလေးစား အားပေးမှုကို ဝမ်းမြောက်မိတယ် သူငယ်ချင်းရေ……………

Leave Comments

Name*

Email*
Website
Email me whenever there is new comment