ဆောင်း ပျောက်နေတဲ့ကောင်ရေးတဲ့ ဆောင်းကဗျာ
သူမ – ၁ ။ ။ (သူမဟာ ..
နှင်းပွင့်များနှင့်အတူ ပြန်လည်ရှင်သန်နိုင်သော
နှင်းဆီတစ်ပွင့်ဖြစ်တယ်
ထို့အတူ ..
ကျနော်နှင့်ခပ်လှမ်းလှမ်းတွင် ပေါက်ရောက်သော
နတ်ပန်းတစ်ပွင့်လည်းဖြစ်ပြန်တယ် ..
သူမရဲ့ ခံစားချက်တွေတွင်းဆုံးမကျစေဖို့
ဒီဇင်ဘာဟာ သူရဲ့နှင်းတွေကို ကျေကျေနပ်နပ်နဲ့
ကျဲချ စတေးပစ်လိုက်တယ် ..
သူမ ရဲ့ ပြန်လည်ရှင်သန်ခြင်းမှာ
အရောင်မဲ့မာနတွေပါလာတယ် ..
ခပ်တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတွေပါလာတယ် ..
နွမ်းဖျော့ဖျော့ အပြုံးလှတွေပါလာတယ် ..
အမုန်းစနည်းနည်းနဲ့ လစ်လျှူရှုခြင်းအတတ်ပညာတချို့ပါလာတယ် ..
အတိတ်ကိုလှောင်ရယ်ဖို့ ခပ်အက်အက်အသံတွေပါလာမယ် ..
ဒါတွေကြောင့် သူမရဲ့ပြန်လည်ရှင်သန်ခြင်းဟာ
နှင်းဆီတစ်ပွင့်ထက်ပိုမိုခမ်းနားလာခဲ့တယ် ..
သူမဟာ ချစ်ခြင်းကိုအရွဲ့တိုက်ခြင်းဖြင့်
နှင်းဆီတစ်ပွင့်ရဲ့တန်ဖိုးနဲ့ဂုဏ်သိက္ခာကိုမြင့်မြတ်စေခဲ့တယ် .. ။ )
သူမ – ၂ ။ ။ (သာယာမှုတွေနဲ့တိတ်တိတ်လေးထောင်ဖမ်းတတ်တဲ့
စုန်းကဝေတွေနဲ့အတိတ်ကို ခင်ဗျားမှတ်ဥာဏ်ထဲကထုတ်ပစလိုက်ပါ နှင်းဆီ ..
ဝိရောဓိတိုင်းဟာညီမျှခြင်းတွေပေါ်မှာပဲအမြဲအဖြေမထွက်တတ်ပါဘူး
အကွာအဝေးအနီးအဝေးဆိုတာခင်ဗျားကိုယ့်ကိုယ်ကိုယ်ပေးနေတဲ့ဆင်ခြေ ..
ခင်ဗျား ပျော်နေပါဗျာ .. ခင်ဗျားပျော်နေခြင်းဟာကျနော့်ကိုတငွေ့ငွေ့နွေးစေတယ် ..
ခင်ဗျား တခုခုကိုလွမ်းရင်သိပ်ဝမ်းနည်းတတ်မှန်းကျနော်သိတယ် ..
ခင်ဗျားကျမယ့်မျက်ရည်စက်တိုင်းမှာ ကျနော့်အသက့်ဓါတ် လောင်တယ် ..
ကျနော်ဟာခင်ဗျားအတွက်ဘာမှမဟုတ်သလို .. ခင်ဗျားဟာလဲကျနော့်အတွက်
ဘာမှန်းကျနော်ကိုယ်တိုင်မသိဘူး ..
သေချာတာက ခင်ဗျားရဲ့ပူလောင်မှုတိုင်းအတွက် ..ကျနော် ပါလိုက်တောက်လောင်မိနေတာပဲ ..
ပြောပြချင်တာကစကားလုံးမရှိတဲ့အရာတွေ ..
တဖြည်းဖြည်းအာခေါင်တွေခြောက်လာတယ် .. စကားလုံးတွေပျောက်လာတယ် ..
ခုဒီကဗျာကို ……
ခင်ဗျားဆီမှာလည်းသာနေမယ့် နှင်းတွေကြားကလရောင်နဲ့ နှင်းဆီရနံ့တွေကြားမှာ ရေးတယ်
အသက်ကိုပြင်းပြင်းရှုလိုက်တော့ ကြည်လင်သွားတဲ့ဦးနှောက်ကသတိပေးတယ်
ဒီညခင်ဗျားအကြောင်းတွေးတာအရမ်းများသွားပြီ ….
တခုတ်တရချရေးလိုက်ပါတယ် .. နှင်းဆီ
ကျနော်ခင်ဗျားကို လွမ်းနေတယ် … ။)
P S: ဒီကဗျာဒီမှာဆုံးသွားပြီလို့မထင်စေချင်ဘူး .. ထို့အတူ ဒီကဗျာ ဖတ်လို့ကောင်းမယ်လို့လဲ အာမမခံဘူး .. နှင်းဆီ
Comment #3
tay loh ya de kwar,,
By: ei lay at Jan 30, 2012
Comment #4
ခင်ဗျား ပျော်နေပါဗျာ .. ခင်ဗျားပျော်နေခြင်းဟာကျနော့်ကိုတငွေ့ငွေ့နွေးစေတယ် ..
ခင်ဗျား တခုခုကိုလွမ်းရင်သိပ်ဝမ်းနည်းတတ်မှန်းကျနော်သိတယ် ..
ခင်ဗျားကျမယ့်မျက်ရည်စက်တိုင်းမှာ ကျနော့်အသက့်ဓါတ် လောင်တယ် ..
ကျနော်ဟာခင်ဗျားအတွက်ဘာမှမဟုတ်သလို .. ခင်ဗျားဟာလဲကျနော့်အတွက်
ဘာမှန်းကျနော်ကိုယ်တိုင်မသိဘူး ..
…………………………….
ကျွန်တော် ..နှစ်သက်စွာအားပေးသွားပါတယ်…
By: အသဲကွဲမိုး at Feb 9, 2012
Comment #5
ဒီကဗျာဖတ်တိုင်း ကျွန်တော့် …သူငယ်ချင်းလေးတယောက်ကို သတိအရမ်းရမိတယ်..
ဘာမှတော့ မဆိုင်ဘူးဗျာ
မနေနိုင်တော့လို့ ချရေးသွားတယ်…
ဖတ်တာ…6ခေါက်မကတော့ဘူးဗျာ
By: အသဲကွဲမိုး at Feb 11, 2012
Comment #6
ei lay le 5 khot taung shi nay p
By: ei lay at Feb 11, 2012
Comment #7
အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ ..း)
By: လူကြီး at Jun 20, 2012
Comment #8
ခုဒီကဗျာကို ……
ခင်ဗျားဆီမှာလည်းသာနေမယ့် နှင်းတွေကြားကလရောင်နဲ့ နှင်းဆီရနံ့တွေကြားမှာ ရေးတယ်
ထပ်လာတယ် ..ဖတ် ခဲ့ တယ် ..ထပ်မလာတော့ဘူးလို့  အာမမခံဘူးး 😀
P.S ကဗျာပိုင်ရှင်
By: sharon myorr myor at Aug 4, 2012
Comment #9
အရမ်းကောင်းတဲ့ ကဗျာလေးပါပဲ
ကူးသွားတယ်။ ခဏခဏဖတ်လို့ရအောင်လို့
ခုလိုဖတ်ခွင့်ရတဲ့အတွက် လည်း အရမ်းကျေးဇူးတင်ပါတယ်။ နောက်လည်း များများရေးပါ။အားပေးနေပါတယ်
By: K Khine Mon Lwin at Nov 19, 2012




Comment #1
အားပေးသွားပါတယ်