အဲ့ဒီ့အလင်းတွေဘယ်မလဲဖြူဖြူ-ရွှေကြယ်မိုး
အဲ့ဒီ့အလင်းတွေဘယ်မလဲ ဖြူဖြူ
တောင်စွယ်ကလမင်းယွန်းလို့သွားပြီ
ဆို့နင့်ကြေရှနေတဲ့ရင်ဘတ်ကို
ဘယ်လိုဘယ်ပုံအလင်းတွေနဲ့
ဘယ်လိုဘယ်ပုံဖြေသိမ့်ပေးရတော့မလဲ
ပြောခဲ့ပါ…..ဖြူဖြူ…ဖြစ်နိုင်ရင်
ပြောပြခဲ့ပါ….
လက်တွေတွဲထားခဲ့ပါလျက်နဲ့
အဲ့ဒီ့ညနေမှာငါတို့အပြီးတိုင်ဝေးခဲ့ကြတယ်
ရီဝေစူးရှတဲ့…ရနံ့တစ်စုံ
မစားဖြစ်ခဲ့ကြတဲ့…ပီကေတောင့်များ
ဓါတုဆိုးဆေးမပါသော…ဆံနွယ်စများ
ကဗျာဆန်ဆန်…အပြုံးဝိုင်ချိုများ
ခုတော့…အပြီးတိုင်ဝေးခဲ့ကြပါပြီ
ကျက်သရေအလင်းတွေ ဆောင်လာသူဟာ…နင်
ဘယ်စစ်ပွဲကိုမဆို မုန်းတီးခဲ့သူဟာ…နင်
စိမ်းနုရောင်၊ ပန်းနုရောင်တွေကိုကြိုက်ခဲ့သူဟာ…နင်
ခုတော့…..
ကားနှစ်စီးကြောင့် မြေဇာပင်ဖြစ်ခဲ့ရသူဟာ…နင်
ဘယ်ကြမ္မာဆိုးတွေကများ ငါတို့ကိုအလစ်ဝင်စီးခဲ့ကြပါလိမ့်
ငါချစ်တဲ့ဖြူဖြူ အုတ်ဂူပြာလေးထဲမှာ
ကြယ်လေးတွေ မှိတ်တုတ် မှိတ်တုတ်နဲ့
အိပ်စက်နေရော့ပြီ…
ပြန်ပါဦးမယ်…..
ပြန်ပါဦးမယ်…..
ခြေထောက်တို့မြေပြင်နှင့်မထိကြ
ကောင်းကင်ဟာငါ့အောက်မှာများလား…?
တိမ်တွေဟာငါ့အနောက်မှာများလား….?
ပန်းနုရောင်လွယ်အိတ်တစ်လုံးနဲ့
အနက်ရောင်လွယ်အိတ်တစ်လုံးတို့
ညင်သာစွာထိတွေ့ပြန်ခဲ့ရတဲ့ အိမ်ပြန်လမ်းတွေ
ကြွေလင့်လို့သွားခဲ့ပြီ…
အဲ့နောက်တော့…
နိုဝင်ဘာ 11 ရက်နေ့တိုင်း လူတစ်ယောက်
နင့်ဘေးမှာ ကဗျာတွေ လာရွတ်နေလိမ့်မယ်
အခုတော့…ဖြူဖြူရေ
ငါဟာ ဖျော့တော့တော့ ပေပေတေတေ
ကဗျာဆရာတစ်ယောက် ဖြစ်လို့နေပြီကွဲ့
နင်ရှိတုန်းက လင်းချင်းခဲ့တဲ့ ကဗျာဆရာ
ခုတော့…မကြားမှန်းသိလျက်နဲ့မေးမိနေတယ်
အဲ့ဒီ့အလင်းတွေဘယ်မလဲ ဖြူဖြူ
                                           ရွှေကြယ်မိုး
4အုပ်မြောက်ထုတ်ဝေရန်စီစဉ်နေသော “အရောင်မခြယ်ထားသော” 
ကဗျာစာအုပ်တွင် ထည့်သွင်းထားသောကဗျာဖြစ်ပါသည်။
Comment #4
ကိုရွှေကြယ်မိုး…..အဲ့လိုတွေသိပ်မရေးပါနဲ့
ငိုရတာမောလို့ပါ…….:D
 By: May Kha at Dec 8, 2011
                        By: May Kha at Dec 8, 2011
                    Comment #5
ခံစားအားပေးသွားပါတယ်နော်
 By: အသဲကွဲမိုး at Dec 9, 2011
                        By: အသဲကွဲမိုး at Dec 9, 2011
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
ညီလေး ရွှေကြယ်မိုးရေ ကဗျာတွေ တော်တော်ကောင်းတယ်…. အကို ခံစားသွားတယ်နော်… ညီလေးရေ… ခင်ခင်မင်မင် တက္ကသိုလ်မြတ်မင်း