Professional Authors

စိမ့်အေးညင်းညင်း၊ ဆောင်းသက်နှင်း – တင်တင် (တက္ကသိုလ်)

တလောက ရွှေနဒီ တင်လိုက်တဲ့ မင်းသုဝဏ်ရဲ့ ‘ပုခက်လွှဲချင်း’ ကိုတွေ့လိုက်ရတော့ အဲဒီအလိုက်အတိုင်း စပ်ထားတဲ့ ကဗျာလေးတပုဒ်ကို သတိရမိတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရန်ကုန်ပြန်တုန်း စာအုပ်ဆိုင်တွေ လျှောက်တော့ တွေ့ခဲ့ရတဲ့ စာအုပ်တအုပ်ထဲမှာ ဖတ်လိုက်ရတာပါ။ မှတ်ထားတာ အခုမှပဲ ပြန်ရှာတွေ့လို့ တင်ပေးလိုက်ပါတယ်။

လေရူးသုန်သုန်၊ နှင်းမှုန်မှုန်
ယမုန်နာဘေး၊ ငှက်သံကြွေး
ရီးလေလေ့၊ ရီးလေလေ့။

ဆောင်းလပြာသို၊ နှင်းစိုစို
ခွာညိုနံ့သွေး၊ သဇင်မွှေး
ရီးလေလေ့၊ ရီးလေလေ့။

မြောက်လေကပြန်၊ နှင်းငွေ့ထန်
ဟေမန်မို့လေး၊ စိမ့်အေးအေး
ရီးလေလေ့၊ ရီးလေလေ့။

မွေးမိရင်ခွင်၊ ခိုလှုံချင်
ရပ်ခွင်ညာကျေး၊ ဝေးလှသေး
ရီးလေလေ့၊ ရီးလေလေ့။

တင်တင် (တက္ကသိုလ်)
ရှုမဝ၊ ဧပြီ၊ ၁၉၆၁

In: ကဗျာ Posted By: Date: Nov 18, 2011
Comment #1

တင်ပေးတာကျေးဇူးတင်ပါတယ်…ဖတ်ရတဲ့တွက်ပါ….

commentinfo By: May Kha at Jan 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment