ငါနင့်ကိုအမြဲတမ်းချစ်နေမယ်
အကျိုးသင့် အကြောင်းတို့ရှိတယ်
ရင်နင့်စေတဲ့ အဖြစ်တွေနဲ့
တစ်နေ့လုံးပျော်စရာမဲ့
ခွဲခွာခဲ့ရတဲ့ဘ၀မှာ
နင် နဲ့ ငါ …….စည်းတို့ခြားနားခဲ့တယ်…..။
ဆွေးတဲ့အခါ အတွေးတို့က
နင့်ရဲ့ဘေးနား
အပြေးတစ်ခါ လာနေမိခဲ့
ဒီလိုအချိန် ဒီလိုရက် နင် သူ့ဘေးမှာ မသာယာနိုင်တာ ငါသိတယ်…။
နောက်နေ့တွေဆိုရင် …..အသိနဲ့
ငါ့ခံစားချက်တို့ မချိခဲ့ပါ
တကယ်ဆို
ကံတရာက ငါတို့နှစ်ယောက်ကို အလွန်တရာမှ ရက်စက်လွန်းတယ်…။
“နင် မငိုပါနဲ့”လို့ပြောရင်း
ငါ့မျက်ရည်တို့သာ အထွေထွေကျခဲ့
“နင် ပျော်ရွှင်နိုင်ပါစေ” ဆုတောင်းရင်း
စိတ်ဆင်းရဲမှုတွေနဲ့ သာ ငါမိတ်ဖွဲ့ခဲ့
နောင်ဘ၀ဆိုတာကိုသာ ထပ်တလဲလဲတွေးရင်း
ငါလည်း ပုထုစဉ် ပီပီ
အချစ်ဆုံးနင်နဲ့ လက်တွဲချင်ပါတယ်….။
အခြေအနေဆိုတာတွေရဲ့ နောက်မှာလေ
ရင်ကွဲနာရဲ့ဒဏ်ရာကပ်ပါလာတယ်
ဘယ်တတ်နိုင်ပါ့မလဲ ချစ်သူရယ်
ဖူးစာမပါခဲ့လည်း….
ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် အစွမ်းကုန်ချစ်ခဲ့ကြဖူးတယ်….။
ဒီလိုတွေ ဖြေသိမ့်
ဒီလိုတွေ အားပေး
ဒီလိုသာ ကုန်ဆုံးခွင့်ရှိတော့မယ့် နေ့ရက်တွေထဲ
ငါကိုယ်တိုင် ကျင်လည်နေရင်း
မပြောင်းလဲနိုင်မယ့် ဖြစ်စဉ်တစ်ခုအတွက်
နင် ကျေနပ်စေဖို့ ရည်ရွယ်
ဝန်ခံမှုတစ်ခုသာ ကြိမ်ကြိမ်ပြုနေပါ့မယ်….
“ငါ နင့်ကို အမြဲတမ်း ချစ်နေမယ်….”
အလွမ်း(ကေသရီ)
Comment #2
နင် မငိုပါနဲ့”လို့ပြောရင်း
ငါ့မျက်ရည်တို့သာ အထွေထွေကျခဲ့
“နင် ပျော်ရွှင်နိုင်ပါစေ” ဆုတောင်းရင်း
စိတ်ဆင်းရဲမှုတွေနဲ့ သာ ငါမိတ်ဖွဲ့ခဲ့
နောင်ဘ၀ဆိုတာကိုသာ ထပ်တလဲလဲတွေးရင်း
ငါလည်း ပုထုစဉ် ပီပီ
အချစ်ဆုံးနင်နဲ့ လက်တွဲချင်ပါတယ်….။ ကောင်းတယ်ဗျာ
By: Village chat kyi at Nov 16, 2011
Comment #3
“နင် မငိုပါနဲ့”လို့ပြောရင်း
ငါ့မျက်ရည်တို့သာ အထွေထွေကျခဲ့
“နင် ပျော်ရွှင်နိုင်ပါစေ” ဆုတောင်းရင်း
စိတ်ဆင်းရဲမှုတွေနဲ့ သာ ငါမိတ်ဖွဲ့ခဲ့
နောင်ဘ၀ဆိုတာကိုသာ ထပ်တလဲလဲတွေးရင်း
ငါလည်း ပုထုစဉ် ပီပီ
အချစ်ဆုံးနင်နဲ့ လက်တွဲချင်ပါတယ်….။
By: အသဲကွဲမိုး at Nov 16, 2011
Comment #5
အခြေအနေဆိုတာတွေရဲ့ နောက်မှာလေ
ရင်ကွဲနာရဲ့ဒဏ်ရာကပ်ပါလာတယ်
ဘယ်တတ်နိုင်ပါ့မလဲ ချစ်သူရယ်
ဖူးစာမပါခဲ့လည်း….
ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် အစွမ်းကုန်ချစ်ခဲ့ကြဖူးတယ်….။
အလွမ်းးးအားပေးသွားပါတယ်။
By: poem.poem28 at Nov 17, 2011
Comment #6
mike de,,
kyike de,
By: ei lay at Nov 17, 2011
Comment #7
နောင်ဘ၀ဆိုတာကိုသာ ထပ်တလဲလဲတွေးရင်း
ငါလည်း ပုထုစဉ် ပီပီ
အချစ်ဆုံးနင်နဲ့ လက်တွဲချင်ပါတယ်….။
………………
…………………….စာသားတွေနဲ့ နောင်ဘ၀ရောက်ရှိဖို့ လုံလောက်နေတယ်…….။
By: Imploring Word at Nov 18, 2011
Comment #8
nin ma ngo par ne…
ngar nin ko a mye tan chit nay me.
mike de.
By: ei lay at Nov 21, 2011
Comment #9
love u forever
By: ei lay at Apr 1, 2012




Comment #1
နင် မငိုပါနဲ့”လို့ပြောရင်း
ငါ့မျက်ရည်တို့သာ အထွေထွေကျခဲ့
“နင် ပျော်ရွှင်နိုင်ပါစေ” ဆုတောင်းရင်း
စိတ်ဆင်းရဲမှုတွေနဲ့ သာ ငါမိတ်ဖွဲ့ခဲ့
နောင်ဘ၀ဆိုတာကိုသာ ထပ်တလဲလဲတွေးရင်း
ငါလည်း ပုထုစဉ် ပီပီ
အချစ်ဆုံးနင်နဲ့ လက်တွဲချင်ပါတယ်….။