Professional Authors

နှလုံးသားသုည ဆုတောင်း(genius)

အခန်းကျဉ်းထဲက
ငိုရှိုက်မှုတွေနဲ့
အထီးကျန်မှုတွေကို
သူ သိလာနိုင်ဖို့
အရောင်းအ၀ယ်မလုပ်တော့ပါဘူး။

ကျွန်တော့်အိပ်မက်တွေ
သူ သိလာဖို့လည်း
အလှယ်အလဲ မလုပ်တော့ပါဘူး။

ဘယ်လောက်ထိ
ချစ်ခဲ့တယ်ဆိုတာ
လှည့်မကြည့်ချင်တော့သလို
ဘယ်ရွှေ့ ဘယ်မျှ..အထိ
ချစ်နေဦးမယ်ဆိုတာလည်း
လှမ်းကြည့်မနေတော့ပါဘူး။

ပေးဆပ်ရခြင်းတွေက
ကျွန်တော့်အတွက်
ဗိမာန်တစ်ခုမဟုတ်ခဲ့ပေမဲ့
ခိုနားရာတော့ ဖြစ်ခဲ့ပါတယ်။

အရာရာအားလုံး
ဖွင့်အန်ကျမလာအောင်တော့
ငုံထားမျိုသိမ့်နေမှာပါ။

မျှော်လင့်ရာ ရင်တစ်စုံ
လစ်ဟာသွားတဲ့
ကျွန်တော့်နှလုံးသားက
ဘုရားရှေ့ရောက်တိုင်း
“သူ.. မမက်မောတဲ့
ကျွန်တော့်ရင်ခွင်မှ
ကင်းဝေးလွတ်မြောက်ပါစေ” လို့
ဆုတောင်းပေးနေပါတယ်။

              

In: ကဗျာ Posted By: Date: Nov 15, 2011
Comment #1

ကောင်းတယ်ဗျာ ကဗျာလေးကလှတယ်
ဘယ်လောက်ထိ
ချစ်ခဲ့တယ်ဆိုတာ
လှည့်မကြည့်ချင်တော့သလို
ဘယ်ရွှေ့ ဘယ်မျှ..အထိ
ချစ်နေဦးမယ်ဆိုတာလည်း
လှမ်းကြည့်မနေတော့ပါဘူ
အားပေးနေတယ်ဗျာ

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Nov 15, 2011
Comment #2

ဆုတောင်းလေးက တကယ်ရင်နင့်စရာဘဲဗျ
ကဗျာလေး ဖတ်ရှုအားပေးသွားကြောင်းပါ ။

commentinfo By: X - ray at Nov 16, 2011
Comment #3

မျှော်လင့်ရာ ရင်တစ်စုံ
လစ်ဟာသွားတဲ့
ကျွန်တော့်နှလုံးသားက
ဘုရားရှေ့ရောက်တိုင်း
“သူ.. မမက်မောတဲ့
ကျွန်တော့်ရင်ခွင်မှ
ကင်းဝေးလွတ်မြောက်ပါစေ” လို့
ဆုတောင်းပေးနေပါတယ်။
တကယ် ရင်ထဲ ထိ တယ်
ကောင်းတယ်
အားပေးသွားပါတယ် ညီ

Comment #4

မျှော်လင့်ရာ ရင်တစ်စုံ
လစ်ဟာသွားတဲ့
ကျွန်တော့်နှလုံးသားက
ဘုရားရှေ့ရောက်တိုင်း
“သူ.. မမက်မောတဲ့
ကျွန်တော့်ရင်ခွင်မှ
ကင်းဝေးလွတ်မြောက်ပါစေ” လို့
ဆုတောင်းပေးနေပါတယ်။

commentinfo By: May Kha at Nov 16, 2011
Comment #5

အားပေးတဲ့ကဗျာချစ် ညီအစ်ကိုမောင်နှမများကျေးဇူးတင်ပါတယ်။

commentinfo By: poem.poem28 at Nov 17, 2011
Comment #6

မျှော်လင့်ရာ ရင်တစ်စုံ
လစ်ဟာသွားတဲ့
ကျွန်တော့်နှလုံးသားက
ဘုရားရှေ့ရောက်တိုင်း
“သူ.. မမက်မောတဲ့
ကျွန်တော့်ရင်ခွင်မှ
ကင်းဝေးလွတ်မြောက်ပါစေ” လို့
ဆုတောင်းပေးနေပါတယ်
အားပေးနေတယ်နော်…

commentinfo By: ဆည်းဆာ at Nov 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment