Professional Authors

အလီဘိုင် (Alibi)

 

အာရုံသိ နဲ့ ဓမ္မရုံသိ ကြားမှာ
“လူ” ဆိုတဲ့ ၀ါစကပုဒ်ကိုက
ခြေထောက်နှစ်ချောင်း ပါပြီးသား။
နာရီ နဲ့ လမ်းညွှန်အိမ်မြောင် ကြားမှာ
အရေးတကြီး သင်္ကေတအဖြစ်
လက်ရုံးနှစ်ဖက် ဖြည့်ပြီးသား။
ဦးထုပ်နဲ့ ကျင်စွယ်ကြားမှာ
အလင်းကွယ် ရှုထောင့်အပြုံးနဲ့
ဦးနှောက်တစ်လုံး ရှိပြီးသား။
ဒါနဲ့ပဲ
ကြေးသတ္ထုနဲ့ ခဲသတ္ထုကြားမှာ
အဂ္ဂိရတ်ထဲက ရွှေစင်ဖြစ်ဖို့
“နာဂျွတ်” ကို ငါဖယ်ထုတ်လိုက်တယ်။
နာဂျွတ် = Dross

In: ကဗျာ Posted By: Date: Nov 14, 2011
Comment #1

နာရီ နဲ့ လမ်းညွှန်အိမ်မြောင် ကြားမှာ
အရေးတကြီး သင်္ကေတအဖြစ်
လက်ရုံးနှစ်ဖက် ဖြည့်ပြီးသား။
ဦးထုပ်နဲ့ ကျင်စွယ်ကြားမှာ
အလင်းကွယ် ရှုထောင့်အပြုံးနဲ့
ဦးနှောက်တစ်လုံး ရှိပြီးသား။

commentinfo By: May Kha at Nov 14, 2011
Comment #2

Wow…ရေ ရေလည်လည် လန်းတယ်….
လုံးဝမိုက်တယ်…..

commentinfo By: Arker at Nov 14, 2011
Comment #3

လုလင် အားပေးသွားပါတယ်

Comment #4

လုံးဝမြင့်လွန်းလို့ သေချာနားမလည်တာ ဝန်ခံလိုက်ပါရစေ၊၊ အားကျမိပါတယ်၊၊

Leave Comments

Name*

Email*
Website
Email me whenever there is new comment