Professional Authors

မှော်မင်းသမီး

အရက်မသောက်ပဲ ရူးမူးခဲ့တာပါ
အမြင့်ဆုံးမှာ ထားခဲ့တဲ့ ကျွန်တော့်နှလုံးသား
သူကကွက်များကြားမှာ ဗျာများခဲ့ရပြီ
မုန်းသွားတာတော့ မဟုတ်ဘူး
အရှံးများသွားတဲ့ အသိမဲ့နာရီဆိုးတွေ လွန်မြောက်ပြီးတဲ့အခါ
အမ္ဗပါလီကို ချစ်ရသလိုမျိုး…

ရောင်စုံမီးခိုးငွေ့ကြားမှာ ကျွန်တော်ရင်ကျိုးခဲ့ရပြီ
အလှအပနဲ့ ညို့ယူဖမ်းစား ချစ်တတ်သူရဲ့
အလွမ်းစကားကိုတောင် …သူလှောင်ပြောင်ရက်တယ်..
ဘ၀တစ်ခုလုံးကို….“သူ့အလှဝတ်ရုံ လွှမ်းခြုံလိုက်သမျှ”
ကျွန်တော်ညဖြစ်သွားတယ် ညတစ်ဆစ်ချိုးမှာ
သူ့အချစ်မိုးအောက် အဖြစ်ဆိုးစွာ
ပြားပြားမှောက်ခဲ့တဲ့ မူးနောက်နောက် နှလုံးသား
“သူ့လှည့်ကွက်များကြားမှာ” ဗျာများခဲ့ရတယ်

အလူးအလဲထ မမူးဘဲ ကခဲ့သူမို့
ဘ၀ရဲ့ဖြူလွှလွှ အသိဥာဏ်နဲ့ အိမ်ပြန်ခဲ့တဲ့အခါ
သူ့ရဲ့စက်ကွင်းပြင်းအား မှော်မင်းသမီးတစ်ပါးပမာ အနားမှာ ကပ်ပါလာခဲ့တယ်..

ဦးနှောက်က လက်မခံဘူး မနက်ဖြန် အိမ်ပြန်ပါတော့ကွယ်
အပြစ်ဒဏ်ခံယူပြီးသား အကျဉ်းစံ လူသားတစ်ယောက်လို
“ဘ၀ရဲ့ မှောင်ရီအို ညဆိုးတွေထဲ”
နောက်လှည့်ကြည့်ဖို့ မရဲတော့ဘူး…
အသည်းဇကာပေါက်တွေကို ကျွန်တော်မိတ်ဆွေတွေပြန်ကောက်ပေးကြပါလိမ့်မယ်…..

In: ကဗျာ Posted By: Date: Aug 1, 2010
Comment #1

အလူးအလဲထ မမူးဘဲ ကခဲ့သူမို့
ဘ၀ရဲ့ဖြူလွှလွှ အသိဥာဏ်နဲ့ အိမ်ပြန်ခဲ့တဲ့အခါ
သူ့ရဲ့စက်ကွင်းပြင်းအား မှော်မင်းသမီးတစ်ပါးပမာ အနားမှာ ကပ်ပါလာခဲ့တယ်..
ဆိုတာကိုတော့ ကြိုက်သွာပြီ……..

Comment #2

မိုက်တယ်

commentinfo By: ppt at Aug 2, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment