Professional Authors

ည(၁၇)

ဒီညလဲ ကြွယ်ကြွေချိန်နဲ့

လွဲခဲ့ပြန်ပြီ ထင်တယ်

ဆုတောင်းတစ်ခု ပြုမယ်လို့

တဖွဖွ ပြင်းပြနေတဲ့ ကြားက

လွဲတက်လိုက်တာဗျာ

 

ငိုက်မြည်းမိတာက ခဏလေးပါ

အခုတော့

လူကြုံပါးစရာ မရှိ

အလွမ်းတွေ မျှောစရာမရှိနဲ့

ဒီစနေ မြစ်ပြင်မှာ

ရေမျှော ကမ်းတင် ဖြစ်နေပြီ

 

စိတ်ဝိညာဉ်လေး

အပါးတော် အနား ခိုချင်တာပဲ သိတော့တယ်

အရမ်း သတိရတယ်ဗျာ

 

သက်ပြင်းတွေ အတွင်းမှာ လှိုက်စားခံနေရပြီ

 

ဝရံတာဘေးမှာပဲ ဂစ်တာတီးရင်း လမ်းပျောက်တယ်

ကဗျာရေးရင်း ကာရံတွေထဲ လမ်းပျောက်တယ်

ညထဲမှာ လမ်းထလျောက်တယ်

ဘာမှ မမြင်ရဘူး

အသံတွေပဲ ကြားနေရတယ်

တဒေါက်ဒေါက်နဲ့

အချိန်တွေ မရပ်တန့်သေးဘူး

ညကပဲ နက်သလား

လကပဲ သာလွန်းနေတာလား

မဝေခွဲနိုင်တော့ဘူး

 

အော် ကြွေစရာ ကြယ်လဲ မမြင်လိုက်

ခြွေစရာ စကားလဲ မခြွေရနဲ့

ဒီညတော့ နှင်းတွေပဲ ဝေနေတော့မယ် ထင်တယ်

 

In: ကဗျာ Posted By: Date: Nov 13, 2011
Comment #1

အော် ကြွေစရာ ကြယ်လဲ မမြင်လိုက်

ခြွေစရာ စကားလဲ မခြွေရနဲ့

ဒီညတော့ နှင်းတွေပဲ ဝေနေတော့မယ် ထင်တယ်

Comment #2

ကဗျာရေးရင်း ကာရံတွေထဲ လမ်းပျောက်တယ်
ကောင်းတယ်ဗျ အားပေးသွားတယ် ။

commentinfo By: X - ray at Nov 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment