Professional Authors

ဒီ မိုး

ဒီမိုး သည်း လွန်းလို့
   ရင်ဘတ်လေးနုနု
        သွေးချေဥခဲ့ပြီ
 ဒီမိုး မဲ လွန်း လို့
   ခြေတိုအောင်လည်း
         ပြေးခဲ့ဖူးပြီ
ဒီမိုး ကြမ်း လွန်းလို့
   နေကုန်အောင်လည်း
        ပုန်းခဲ့ဖူးပြီ
ဒီမိုး~ ~ ဒီမိုး
မိုးသီးတွေနဲ့
   အညှိုးကြီးတဲ့မိုး
လေစိမ်းတွေနဲ့
       ရက်စက်တဲ့မိုး
လျှပ်စီးတွေနဲ့
        ခါးသီးတဲ့မိုး
မာယာတွေနဲ့
     ကျောခိုင်းတတ်တဲ့မိုး
 အဆိပ်ရောင်အပြုံးနဲ့
      ညှို့နိုင်ရဲတဲ့မိုး

           ဒီ မိုး~ ~

. .အမုန်းတွေနဲ့.  .ငါ..မြတ်နိုးတဲ့.   .မိုးးးးးးးးးးးးးးးးး  ။

                                                                 Ray

13th November,2011
15:00

   

In: ကဗျာ Posted By: Date: Nov 13, 2011
Comment #1

လုလင် အားပေးသွားပါတယ်

Comment #2

အားပေးတဲ့ ကိုလုလင် ကျေးဇူးအထူးတင်ရှိကြောင်းပါ ။

commentinfo By: X - ray at Nov 14, 2011
Comment #3

ကောင်းသဗျ ရေး ရေ…
မာယာတွေနဲ့
ကျောခိုင်းတတ်တဲ့မိုး
အဆိပ်ရောင်အပြုံးနဲ့
ညှို့နိုင်ရဲတဲ့မိုး

မိုက်တယ်စကားလုံးသုံးစွဲမှုပုံစံတွေ
ခုမှဖတ်ရတယ် အားပေးနေပါတယ်ဗျို့

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Nov 14, 2011
Comment #4

ခုမှဖတ်ဖတ် နောက်မှဖတ်ဖတ် never mind ပါဗျာ
အားပေးတဲ့အတွက် ကျေးဇူးပါ အစ်ကိုမြတ်သူ။

commentinfo By: X - ray at Nov 16, 2011
Comment #5

အမုန်းတွေနဲ့. .ငါ..မြတ်နိုးတဲ့. .မိုး တဲ့

commentinfo By: kaungkinsoe at Nov 19, 2011
Comment #6

အားပေးတဲ့ ကိုကောင်းကင်စိုး ကျေးဇူးပါ ။

commentinfo By: X - ray at Nov 19, 2011
Comment #7

ကျွန်တော်နှစ်သက်မြတ်နိုးစွာအားပေးသွားပါတယ်ခင်ဗျာ

အတော်လေးလည်းခြေရာဖျောက်ကောင်းတဲ့ X-Ray မောင်လေးပါပဲ
မမိုးသတိရနေတယ်

commentinfo By: အသဲကွဲမိုး at Apr 20, 2012
Comment #8

မမိုး comment လေးကို အခုမှ တွေ့ပါတယ်
မအားတဲ့ကြားက ကဗျာကိုတကူးတကဖတ်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ ~

With respect,
RAY

commentinfo By: X - ray at Nov 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment