Professional Authors

အချိန်လွန် ညနေခင်းများ

ကြာပြီကွယ် နာရီရယ် လာပြီကွယ်
မိုးလည်းချုပ် ငုတ်တုတ်ထိုင် ဒီ ဘုံဆိုင်
အပြန်လည်းနောက်ကျ ရန်ဖြစ်ရ ဒီလိုည
ဘဝက ခါး ညကများ မယားကိုလည်း ကြောက်ရ
ဒုက္ခနဲ့ငါ လူမသိပါ စိတ်ထဲမှာ
တခါးတွေက ပိတ် အိပ်မက်တွေက နှိပ်စက်
မရေးဖြစ်တဲ့ ကဗျာတွေ စိတ်ကူးတွေက သေ
နေလို့မရ ဒီ ည ကျကျနန ပျောက်ဆုံး
ဘေးမှ အသံတွေက တဘုန်းဘုန်း
တရုံးရုံးနဲ့ နေခဲ့ကြ
ပျော်စရာကို ရှာဖွေမှ စိတ်ညစ်ရတဲ့ည
လုံးပါးပါးတဲ့ အလှ
အလင်းစတွေ ရောက်ပြီ
မိုးသောက်ချိန်ကို ကျော်ခဲ့သည်
နာရီရယ် ကြာပြီကွယ် ….။

ယွန်းအိမ်

In: ကဗျာ Posted By: Date: May 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment