Professional Authors

ချီရွန် ဆိုတဲ့ ငတ

 “ ချီရွန် ဆိုတဲ့ ငတ ”

 

ဟောဒီချီရွန်ဆိုတဲ့ ငတပေါ့

ဘဝမှာ လူကြိုက်များချင်ရုံလေးနဲ့

ကဗျာတွေကို အဆိပ်ကျွေးရေလောင်း

သူ့ရင်ဘတ်ပုပ်သိုးသိုးကို နွေးတယ်ဆိုရုံ နွှေး

စကားလုံးမြို့တော်မှာ တည်ခင်းပေးတတ်တဲ့ကောင်။

 

ဟောဒီချီရွန်ဆိုတဲ့ ငတပေါ့

ဘဝမှာ သေတတ်ခြင်းအနုပညာ မသိ

နေတတ်ခြင်း အနုပညာ ဘာသိဘာသာနဲ့

အန္ဓတို့အယူမိစ္ဆာကို ဆည်းကပ်

ကဗျာဆရာတံဆိပ်တပ်ခံရတာကိုလည်း ကျေနပ်နေတတ်သေးရဲ့။

 

ဟောဒီချီရွန်ဆိုတဲ့ ငတပေါ့

လူ့သက်တမ်းထက်ဝက် ကျိုးနေတာတောင်

သူ့သိက္ခာကို မိန်းမပျက် မိတ်ကပ်ဖို့သလို

နှုတ်ခမ်းတစိုစိုနဲ့ လျှောက်လျှောက်ကြွား

အမှားဝိုင်ချဉ်ကို ဘဝနဲ့ မြည်းတတ်တဲ့ကောင်။

 

ဟောဒီချီရွန်ဆိုတဲ့ ငတပေါ့

သူ့ဒဿနနဲ့ သူ တည်ဆောက်

ဇောက်ထိုးမိုးမျှော် အလွဲတွေကို ပြန်ပြန်တည့်

မှည့်ဝင်းတဲ့သစ်သီးလို ကြွေဖို့စောင့်ရင်း

ကမ္ဘာဆွဲအားကို ငြင်းဆန်ဖို့ကြိုးစားတဲ့ကောင်ပေါ့။

 

ဟောဒီချီရွန်ဆိုတဲ့ ငတပေါ့

သူ့မာနတွေ လှေကားသုံးထစ်ဆင်းရုံနဲ့

ခပ်ပြင်းပြင်း ရသပူကို တော်ဝင်အောင်သုံး

ခါးကုန်းပေးရမဲ့ အမှန်တရားကိုလဲ

ရဲရဲဝံ့ဝံ့ ပုခုံးစောင်းတိုက်ပစ်ချင်တဲ့ကောင်

 

ဟောဒီချီရွန်ဆိုတဲ့ ငတပေါ့

မျဉ်းပြိုင်လမ်းဆုံအမှတ် ၃၄ ကို မုန်း

အခြေအနေတွေကို ကျုံးမသွင်းနိုင်တော့

နှင်းဆီဖြူကိုမှ မကြင်ရရင်

ဘုရင်မတောင် လက်မထပ်ချင်တဲ့ကောင်

 

ဟောဒီချီရွန်ဆိုတဲ့ ငတပေါ့

သူ့ကိုယ်သူ အကျဉ်းချခံရမှန်း မသိခင်ထိ

ရေပေါ်ဆီကို တွယ်ငြိစိတ်နဲ့

လက်မလေး တထောင်ထောင်

မှောင်လို့ မှောင်နေမှန်းတောင် မသိခဲ့တဲ့ကောင်

 

ဟောဒီချီရွန်ဆိုတဲ့ ငတပေါ့

သေမင်းနိုင်ငံကူး လက်မှတ်

မှောင်ခိုဈေးကွက်ထဲ ကြေးကြီးကြီးပေးလိုက်ဝယ်

ဟိုရောက်ရင် ပြောရမဲ့ ကုသိုလ်ဘာသာစကား

တပြားသားမှ မတတ်သေးတဲ့ကောင်

 

ဟောဒီချီရွန်ဆိုတဲ့ ငတပေါ့

ကိုယ့်စိတ်ကိုယ် လျှော်ဖို့ဖွပ်ဖို့

စိတ်အရေခွံလန်တဲ့အထိ ရေစိမ်ရင်း

သူစိမ်နေတဲ့ရေက မိုးခါးရေမှန်း အသိနောက်ကျ

ခုချိန်ထိ နာလန်မထသေးတဲ့ကောင်

 

ဟောဒီချီရွန်ဆိုတဲ့ ငတပေါ့

သူ့ကိုယ်သူ ခမ်းခမ်းနားနား စီရင်ပေမဲ့

ဒီနေ့ဒီအချိန်ထိ အရောင်ခပ်မွဲမွဲကောင်းကင်မှာ

ကြယ်သိမ်ကြယ်မွှားအဖြစ်တောင်

မလင်းလက်နိုင်သေးတဲ့ကောင်

 

ဟောဒီချီရွန်ဆိုတဲ့ ငတပေါ့

အရိပ်မခိုဘူးတဲ့ ငှက်ဆိုတော့

ရေမြင်တာတောင် တံလျှပ်ပါလို့

မူးမြစ်ရှေ့မှာ ခပ်တည်တည် ငြင်းချက်ချ

ချီရွန်ဆိုတဲ ငတပေါ့ဗျာ

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Nov 11, 2011
Comment #1

ဟောဒီချီရွန်ဆိုတဲ့ ငတပေါ့

လူ့သက်တမ်းထက်ဝက် ကျိုးနေတာတောင်

သူ့သိက္ခာကို မိန်းမပျက် မိတ်ကပ်ဖို့သလို

နှုတ်ခမ်းတစိုစိုနဲ့ လျှောက်လျှောက်ကြွား

အမှားဝိုင်ချဉ်ကို ဘဝနဲ့ မြည်းတတ်တဲ့ကောင်။…မိုက်တယ်ဗျာ….

commentinfo By: sharon myorr myor at Nov 11, 2011
Comment #2

အခြေအနေတွေကို ကျုံးမသွင်းနိုင်တော့

နှင်းဆီဖြူကိုမှ မကြင်ရရင်

ဘုရင်မတောင် လက်မထပ်ချင်တဲ့ကောင်…ဒါကအခိုက်ဆုံးအပိုဒ်လေးဗျ
လေးစားပါတယ်ဆရာ..

commentinfo By: sharon myorr myor at Nov 11, 2011
Comment #3

a hman tway pop naw

commentinfo By: ei lay at Nov 11, 2011
Comment #4

ဟုတ်ကဲ့ အမှန်တွေပါပဲ။ ကျွန်တော် မောင်ချီရွန်ရဲ့ အကြောင်း တစိတ်တပိုင်းပေါ့။

commentinfo By: ChIr0N at Nov 11, 2011
Comment #5

ခါးကုန်းပေးရမဲ့ အမှန်တရားကိုလဲ

ရဲရဲဝံ့ဝံ့ ပုခုံးစောင်းတိုက်ပစ်ချင်တဲ့ကောင်

နှင်းဆီဖြူကိုမှ မကြင်ရရင်

ဘုရင်မတောင် လက်မထပ်ချင်တဲ့ကောင်

ချီရွန်ဆိုတဲ ငတပေါ့ဗျာ
ချီရွန်ဆိုတဲ ငတပေါ့ဗျာ

commentinfo By: MyoZin at Nov 12, 2011
Comment #6

အခြေအနေတွေကို ကျုံးမသွင်းနိုင်တော့

နှင်းဆီဖြူကိုမှ မကြင်ရရင်

ဘုရင်မတောင် လက်မထပ်ချင်တဲ့ကောင်
ကောင်းလိုက်တဲ့စာသားလေးဗျာာာာာာာာာာာ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 12, 2011
Comment #7

အားပေးနေလျှက်ပါ…ကဗျာရေးတော်တယ်ဗျ

commentinfo By: အသဲကွဲမိုး at Nov 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment