အနှိုင်းမဲ့နေ့ရဲ့ ညတန်ဆောင်တိုင်
ကံကြမ္မာကို ပုခုံးလွဲထမ်းရင်း
လောကဇာတ်ခုံပေါ်မှာ လူလားမြောက်ခဲ့
မိဘနှစ်ပါးရဲ့ ရင်ခွင်မှာမှေးစက်ခိုက်
အနာကိုက်လို့ လန့်အော်မှာကြောက်မိတဲ့
မိဘနှစ်ပါးက သတိပေးမှတ်တိုင်လို 
စောင့်ကြည့်ရင်း ဖခင်ရဲ့ချစ်ခြင်းတွေအပြည့်
သားငယ်ကိုချစ်စိတ်နဲ့ ကိုက်နေတဲ့အနာကို
ခံတွင်းတွင်းငုံပေးမိတဲ့အခိုက် အနာအိမ်ပေါက်ကွဲ
အစာအိမ်ထဲစီးမျောခဲ့ အိပ်ပျော်နေတဲ့သားတော်
လန့်မနိုးအောင် ဆက်လက်ချော့သိတ်ခဲ့တာ
အဖေမေတ္တာတွေရဲ့ အနာဂါတ်တနေ့
နောက်တနေ့ အာရုဏ်အလင်းသို့ရောက်ခဲ့တယ်..။
လောကအလယ်မှာ သောကမလွယ်သော
ကလေးတယောက် အရွယ်ရောက်ခဲ့တဲ့အထိ
မိဘမေတ္တာအပြည့်နဲ့ ပြုစုစောင့်ရှောက်ရင်း
အနန္တဂိုဏ်းဝင် ကျေးဇူးတွေကို
ကျေးစွတ်ခဲ့တဲ့ ဒီနေ့သစ်မှာ
ဒေဝဒတ်ရဲ့ အကြံပေးလက်ချက်ကြောင့်
သမာဓိခုံပေါ်က ဘဝရှင် တရားရှင်
ပလ္လင်ကိုလုလို့ မိဘနှစ်ပါးကိုထောင်သွင်း
အကျဉ်းချခဲ့တဲ့ မင်းမိုက်အဇာတသတ်ဟာ
ရာဇပလ္လင်ခွေးတက်သလို ပြည်သူ့ရင်ခွင်မှာ
ဇာတ်လိုက်ဖြစ်ခဲ့တာ နှစ်ပေါင်းကြာညောင်းခဲ့ပြီ..
နောက်တနေ့ အနာပေါ်ဒုတ်ကျတဲ့
အတွေးခေါ်တွေနဲ့ ဖခင်ခြေဖဝါးကို
ဓားတစိတ်စိတ်လှီး ဆားခတ်ပြီးနှိပ်စက်
သွေးထွက်လို့ မြေခလာလည်း
ချစ်စိတ်ဓာတ်က မပြယ်သော
မေတ္တာတွေနဲ့ သားတော်ကိုနှစ်သိမ့်ပေးခဲ့
မကြေနပ်တဲ့ မျက်နှာတစိတ်က
ဖခင်ကို တန်ပြန်အငြိုးထားလို့
အာဏာဆန်ဖိအား သတိစကားတွေနဲ့
စော်ကားရင်း အမိုက်ဇာတ်ခင်းနေတဲ့သားကို
အမေအို ခွင့်တောင်းဆိုလျက်
မျက်ရည်စို့တက်လို့ ငိုလျက်ဖြစ်ခဲ့တယ်…
အမိုက်မှာဗိုလ်ချုပ် လောကအုပ်မယ်လို့
ကြွေးကျော်သံတွေ လောကညံအောင်
အမိန့်မှာတမ်းတွေ ဆရာဒေဝဒတ်မိန့်ဆိုရင်း
နာခံမိတဲ့ အဇာတသတ်ရဲ့မိုက်လုံးကြောင့်
ဖခင်အသက်ဆုံးခဲ့တာ နှစ်တွေကြာညောင်းလို့
သောကတွေ ဗလောင်ဆူတောလို ဖြစ်ခဲ့တာ
သူကိုယ်တိုင် ဖခင်မေတ္တာသိလာထိတိုင်ပေါ့..
ပျောက်ဆုံးသွားတဲ့ ဖခင်မေတ္တာဘုံလေးကို
ပြန်လည်မရတော့တဲ့ သူရဲ့ဖြစ်ပုံတွေဟာ
လောကဇာတ်ခုံပေါ်မှာ အရူးတစ်ကောင်လို
ရူးသွပ်စိတ်ခိုက်ရင်း ကိုးကွယ်ရာအစစ်ကိုရှာဖွေဖို့
ကြိုးစားခဲ့တဲ့အခိုက်တန့်မှာ ဇီဝကဆေးဆရာ
မိတ်သဟာကြောင့် မြတ်ဘုရားပရမေအကြောင်း
သတင်းကောင်းကြားလို့ တပ်ဗိုလ်အပေါင်းနဲ့
စုပေါင်းကာရံ ချီတက်ခဲ့တာ လတန်ဆောင်မုန်းလေ..
နေရောင်ခြည်ပျောက်တော့မည့် လောကဓာတ်အောက်မှာ
မီးဒုတ်ကိုကိုင်စွဲလို့ ကြောက်စိတ်တွေ ငယ်ထိပ်ဖျားမှာ
ဝဋ်သံသာရ တစ်ကြိမ်ပြန်လည်မှာတော့
တစိတ်စိတ်တွေးရင်း ကြောက်နေခိုက်
သင်္ချိုင်းမြေ အရိုး ခလုတ်ကသင်းတွေက
ဖိအားတန်ပြန်ရိုက်လေတော့ ဇီဝကသမား
လုပ်ကြံမလား မသိစိတ်က ခြိမ့်ခြောက်လို့
ဗိုလ်ချေမတ်ပေါင်းကို သတိပေးအချက်ပြကာ
ဝိုင်းရံကာကွယ်ရင်း မေတ္တာရှင်နယ်မြေ
ဘဂဝါပရမေထံ ဆိုက်ရောက်ခဲ့တယ်လေ..
အသိစောလာတဲ့ မင်းမိုက်ရဲ့ဇာတာခွင်က
အခွင့်ထူးရပြီမို့ စောဘဂဝါဘုန်းရှင်ထံမှ
တရားထူးဓမ္မတွေကို နာကြားတော်မူရင်း
မျက်ရည်ဖြေမပြေ မေတ္တာတွေဝေ
စေတနာချစ်သဒ္ဓါတရားက အမြိုက်ရေအေး
တိုက်ကျွေးနေခိုက် ကောင်းကင်ဝေဟင်
အာကာပြင်ထက်မှာ ဆီး နှင်း မြူ တိမ် သူရိန် မီးခိုး
အပြစ်ငါးမျိုး ကင်းစင်လို့ လမင်းကြီးလည်း
မေတ္တာအအေးဓာတ်တွေ သယ်ဆောင်ဖြန့်ဖြူးတဲ့
ဒီလို တန်ဆောင်ညမျိုးမှာ မင်းမိုက် အဇာတသတ်
ယဉ်ကျေးသိမ်မွေ့လို့ အာမေဋိတ်စကား
နှုတ်မှထွက်လာခဲ့တာ ပြည်သူတွေအတွက်
အားတက်စရာ အချစ်စိတ်ဝင်ခဲ့တယ်လေ…
အဲဒီည တန်ဆောင်တိုင်မှာ
ပရမေရှင်မြတ်ဘုရားရဲ့ ဟောကြားတော်မူတဲ့ 
တရားမြတ် အနှိုင်းမဲ့ တရားတော်တွေဟာ
မင်းမိုက်အဇာတသတ်အတွက် ဥဒါန်းတွင်လို့
သမိုင်းလည်းတွင်ခဲ့တာ သာသနာပြုမင်းမြတ်
တခေတ်ရောက်သို့ ချီတက်ရင်း
ပထမသင်္ဂါယနာတင်မင်းမြတ်ရဲ့ ဆီမီးတစ်ထောင်
အလင်းဆောင်သော အနှိုင်းမဲ့နေ့ရက်
တန်ဆောင်တိုင်ည ဖြစ်ခဲ့တယ်လေ….။
တက္ကသိုလ်မြတ်မင်း
Comment #5
တကယ်ကောင်းမွန်တဲ့ မွန်မြတ်တဲ့ အနှစ်သာရရှိတဲ့ ကဗျာတစ်ပုဒ်လို့မြင်တယ်ဗျ ။
 By: X - ray at Nov 11, 2011
                        By: X - ray at Nov 11, 2011
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
ပရမေရှင်မြတ်ဘုရားရဲ့ ဟောကြားတော်မူတဲ့
တရားမြတ် အနှိုင်းမဲ့ တရားတော်တွေဟာ
မင်းမိုက်အဇာတသတ်အတွက် ဥဒါန်းတွင်လို့
သမိုင်းလည်းတွင်ခဲ့တာ သာသနာပြုမင်းမြတ်
တခေတ်ရောက်သို့ ချီတက်ရင်း
ပထမသင်္ဂါယနာတင်မင်းမြတ်ရဲ့ ဆီမီးတစ်ထောင်
အလင်းဆောင်သော အနှိုင်းမဲ့နေ့ရက်
တန်ဆောင်တိုင်ည ဖြစ်ခဲ့တယ်လေ….။