Professional Authors

“ဒါပေမယ့်”

မသွားနဲ့…..ငါ့လက်ထဲကနေ….မက်မက်စက်ဖက်တွယ်ကိုင်ဆုပ်လို့…..

အတိတ်ထဲက အရုပ်တစ်ရုပ်ဆိုရင်တောင်…ငါခုထိ…..သိမ်းဆည်းထုပ်ပိုးထားတုန်းပါကဗျာ…..

မသွားပါနဲ့….ခဏခဏအော်မြည်တမ်းတ…..လမ်းမထက်လည်း…….ငါ့မျက်ရည်နဲ့ငါပဲ..အဓိပ္ပါယ်သိတယ်…

ငါ…အဲ့လိုလည်းလွမ်းတယ်….

ဘေးနားမရှိရင်နေပါ…..ခပ်ဝေးဝေးမသွားပါနဲ့…..ငါ..ဒီအိပ်မက်လေးခက်ခက်ခဲခဲထုဆစ်ထားခဲ့လို့ပါ…

နင်ထားခဲ့တဲ့ကမ္ဘာမှာ…ငါ့ဘာသာစကား ဘယ်သူမှ နားမလည်ဘူးကဗျာ…

သွေးခြင်းခြင်းထွက်တဲ့အထိထွေးဖက်ထားဖူးတဲ့..လက်တွေ…..ဆူးစူးခံရပေမယ့် အပြုံးမပျက်တဲ့အိပ်မက်တွေ…

နင့်ကိုလေ…..တခါတုန်းကလို….ငါ..လွမ်း..လိုက်တာ..ဟာ..

ကမ္ဘာဆိုတာ ကျုပ်သက်သက်မပီးဘူးဟ….ကဗျာ…

နင်မရှိတဲ့အခါ ငါဆိုတာ အရုပ်သက်သက်ကြိးဖြစ်သွားတဲ့အထိပါ….နင်..သိပါ..ရဲ့လား

ခရီးတွေပေါက်လာတယ်…လျှောက်လာတဲ့လမ်းမထက်…….ရောက်နေတဲ့…ခန်းမထက်မှာ….

ဘယ်နှနေရာ….ငါ..အေးချမ်းစွာခိုနားခဲ့ရခဲ့ရလဲ….ငါ….နင့်ဘေးနားဝဲနေခွင့်ရခဲ့တဲ့ရက်တွေသာ..တမ်း..တ

ငါ…..မငိုရက်ပါဘူးဟာ…..ဒါပေမယ့်..ပြုံးယောင်တော့ဆောင်ခဲ့တယ်……………….

(နင့်ကိုငါ..လွမ်းတယ်ဟ………နင့်ကိုငါ……လွမ်းတယ်ကဗျာရ)…

အဲ့လို ခဏခဏ မအော်ပါရစေနဲ့…..ငါ့သွေးထဲထိ နင့်ကိုမက်မက်စက်ပါ

ယုံလိုမှ ယုံ……ဒါပေမယ့် နင်ကြုံခဲ့ဖူးတယ်…နင်ယုံလိုမှယုံ….

ငါဆိုတာလေ အရောင်ချွတ်ထားတဲ့အဖြူမဟုတ်ဘူး…..

ဒါပေမယ့် နင်ဆူးစူးမယ့်နေရာ ရင်ဘတ်ကိုနေရာခင်းပေးမယ့်ကောင်

ဖြည်းဖြည်းပေါ့ကွာ…..ဒီဒဏ်ရာနောက်ထပ်ပေးဖို့ဒီဘက်နားမှာကျန်သေးတယ်..

ရှေ့နည်းနည်းတိုးလို့…ထိုးလိုက်ပါ…ဒါ…ဘယ်ဘက်နေရာ…

ပင်ပန်းတဲ့အခါ……ငါပစ်လှဲလို့အိပ်ချစရာ..ဒဏ်ရာသက်သက်သာရှိလည်း…..

ငါ…လွဲနေတဲ့ကြားက လွမ်းတတ်တယ်…..(ဒါပေမယ့်ပြုံးချင်ယောင်ဆောင်တတ်လာတယ်)

နင်ဆူးစူးမယ့်နေရာ ရင်ဘတ်ကိုနေရာခင်းပေးမယ့်ကောင်(ဒါပေမယ့်ပြုံးချင်ယောင်ဆောင်တတ်လာတယ်)

ငါဆိုတာလေ အရောင်ချွတ်ထားတဲ့အဖြူမဟုတ်ဘူး(ဒါပေမယ့်ပြုံးချင်ယောင်ဆောင်တတ်လာတယ်)

နင့်ကိုငါ..လွမ်းတယ်ကဗျာ..ဒါပေမယ့်..ငါ..ပြုံးချင်ယောင်..ဆောင်တတ်..လာတယ်

In: ကဗျာ Posted By: Date: Nov 10, 2011
Comment #1

မသွားပါနဲ့….ခဏခဏအော်မြည်တမ်းတ…..လမ်းမထက်လည်း…….ငါ့မျက်ရည်နဲ့ငါပဲ..အဓိပ္ပါယ်သိတယ်…
ငါ…အဲ့လိုလည်းလွမ်းတယ်….
ဘေးနားမရှိရင်နေပါ…..ခပ်ဝေးဝေးမသွားပါနဲ့…..ငါ..ဒီအိပ်မက်လေးခက်ခက်ခဲခဲထုဆစ်ထားခဲ့လို့ပါ…
နင်ထားခဲ့တဲ့ကမ္ဘာမှာ…ငါ့ဘာသာစကား ဘယ်သူမှ နားမလည်ဘူးကဗျာ…
သွေးခြင်းခြင်းထွက်တဲ့အထိထွေးဖက်ထားဖူးတဲ့..လက်တွေ…..ဆူးစူးခံရပေမယ့် အပြုံးမပျက်တဲ့အိပ်မက်တွေ…
နင့်ကိုလေ…..တခါတုန်းကလို….ငါ..လွမ်း..လိုက်တာ..ဟာ..
ကမ္ဘာဆိုတာ ကျုပ်သက်သက်မပီးဘူးဟ….ကဗျာ…
နင်မရှိတဲ့အခါ ငါဆိုတာ အရုပ်သက်သက်ကြိးဖြစ်သွားတဲ့အထိပါ….နင်..သိပါ..ရဲ့လား

commentinfo By: Nge Lay at Nov 10, 2011
Comment #2

စာသားလေးတွေ သုံးထားတာ လှ တယ် ၊၊ ကြိုက်၏ ၊၊

commentinfo By: လမင်းဇော် at Nov 11, 2011
Comment #3

ငါဆိုတာလေ အရောင်ချွတ်ထားတဲ့အဖြူမဟုတ်ဘူး…..

ဒါပေမယ့် နင်ဆူးစူးမယ့်နေရာ ရင်ဘတ်ကိုနေရာခင်းပေးမယ့်ကောင်

Comment #4

nin ko ngar lwan de ha…
nin ko ngar lwan de ka byar ya,
ngar tway hte hti nin ko mat mat sat par
nin yone lo hma yone…

mike de kwar…
lone wa heart hti de.

commentinfo By: ei lay at Nov 11, 2011
Comment #5

နင်ထားခဲ့တဲ့ကမ္ဘာမှာ…ငါ့ဘာသာစကား ဘယ်သူမှ နားမလည်ဘူးကဗျာ…။
ကောင်း၏..။…။

commentinfo By: SoFarAwayFromU at Nov 11, 2011
Comment #6

အားပေးတဲ့ ညီအစ်ကိုမောင်နှမတွေအားလုံးကျေးဇူးပါ 🙂

commentinfo By: သားသား at Nov 11, 2011
Comment #7

ငါ ပြုံးချင်ယောင်ဆောင်တတ်လာတယ်
ကောင်းပါတယ် အားပေးတယ်ဗျ ။

commentinfo By: X - ray at Nov 11, 2011
Comment #8

ဘေးနားမရှိရင်နေပါ…..ခပ်ဝေးဝေးမသွားပါနဲ့…..ငါ..ဒီအိပ်မက်လေးခက်ခက်ခဲခဲထုဆစ်ထားခဲ့လို့ပါ…
နင့်ကိုငါ..လွမ်းတယ်ကဗျာ..ဒါပေမယ့်..ငါ..ပြုံးချင်ယောင်..ဆောင်တတ်..လာတယ်
အဲ့စာသားလေး ၂ကြောင်းကို အကြိုက်ဆုံးပဲ
သားလေး

Leave Comments

Name*

Email*
Website
Email me whenever there is new comment