သင့်လက် ကိုခဏငှား ပါ
ကြေငြာ ပါရစေ ကမ္ဘာမြေကြီး
ငါတို့နေလာတာကြာခဲ့ပြီ
သဘာဝကိုမှီခိုလို့ ညီအစ်ကိုတို့တွေမာမာကျန်းကျန်း
ပါတ်ဝန်းကျင်ဆိုတာလဲ လန်းဆန်းလို့ပေါ့
ခုတော့လဲ အရင်းအမြစ်ကို အရည်ညှစ်
နည်းပညာအသစ်တွေတော့သုံးပါရဲ့
ဆုံးရှူံးလာတဲ့ သယံဇာတတွေနဲ့
မခံသာ ရာသီတွေလဲ ချွတ်ယွင်း
ချောင်းနဲ့ မြစ်ဆိုတာတွေလဲ ဟင်းလင်းပြင်လိုဖြစ်လို့
သစ်ပင်တွေကိုမျိုချ တွင်းထွက်တွေကိုသောက်သုံး
သဘာဝကို ခိုးခိုးပီးစားသုံး
ကမ္ဘာမှာ ငွေမရှိတဲ့ရောဂါ အများဆုံးဖြစ်နေတယ်
ကြားမဆုံးနိုင်တဲ့ စကားကတော့ (ကယ်ပါ) ဆိုတာ ပဲ
တစ်ကယ်ပါ ဘယ်အခါမှရပ်မလဲ
သဘာဝကြီးလဲ အသက်ရှူကြပ်လှပြီ
ခက်ရချည်ရဲ့ သည်အတိုင်းဆက်သွားဖို့
တစ်ချိန်ချိန် ရပ်နားဖို့ နေရာရောက်ရင်
အားလုံးဆိုတာပျက်ပျောက်
မက်လောက်စရာ ဆိုတာ ဘာမှ မရှိပါဘူးလေ
အသိဥာဏ် ကြွယ်ပါရဲ့ ဓနဘဏ်လဲ ကြွယ်ပါရဲ့
အလည်လာတဲ့ ဧည့်သည်တွေချည်း မို့
အချည်းအနှီး နေကြမယ့်အတူတူ
သဘာဝကို အသက်ကူရှူ ပေးကြပါ
လူဆိုတာ ခဏတာရေပွက်တွေပဲ
အသပြာအတွက် ငွေတွယ်မက်မနေပဲ
ဖေးမပါ အသိစိတ် လက်တွေနဲ့
မနက်ဖြန်ရက်တွေ ဆက်နေသမျှ
သဘာဝ ကြီး ကျန်းမာပါစေ ။ ။
Comment #2
လူဆိုတာ ခဏတာရေပွက်တွေပဲ
အသပြာအတွက် ငွေတွယ်မက်မနေပဲ
ဖေးမပါ အသိစိတ် လက်တွေနဲ့
မနက်ဖြန်ရက်တွေ ဆက်နေသမျှ
သဘာဝ ကြီး ကျန်းမာပါစေ
By: May Kha at Nov 9, 2011
Comment #3
ဂွတ်…..ကောင်း၏
By: ARker at Nov 9, 2011




Comment #1
လူဆိုတာ ခဏတာရေပွက်တွေပဲ
အသပြာအတွက် ငွေတွယ်မက်မနေပဲ
ဖေးမပါ အသိစိတ် လက်တွေနဲ့
မနက်ဖြန်ရက်တွေ ဆက်နေသမျှ
သဘာဝ ကြီး ကျန်းမာပါစေ ။ ။
ကောင်းတယ် ဗျာ … Good
လုလင် အားပေးသွားသည်