ကမ္ဘာမြေကြီး…။
ကမ္ဘာမြေကြီး…။
ပေ(၃၀) ဆယ်ကျော် ကုန်းမြေပေါ်မြင့်တက်လာတဲ့ လှိုင်းလုံးကြီးတွေ……
တစ်နာရီ မိုင်(၁၅၀) လေတိုက်နှုန်း မုန်းတိုင်းကြီးတွေ……..
( ၉. ၉ )ရစ်ခ်ျစတာကေး….. မြေငလျင်ကြီးတွေ……..
သဘာဝရေခဲပြင်ကြီးတွေ အပူလွန်ကဲ အရည်ပျော်မှု့တွေ……
ရာသီပျောက် အချိန်အခါမဟုတ် မိုးရွာသွန်းမှု့တွေ…………
ဥတုရာသီတွေက ဓမ္မပျက်
မူမမှန်ဖောက်ပြန်မှု့တွေ အထက်မှာ
ငါတို့ကမ္ဘာကြီး ဖျားနာနေတာ
ဘယ်သူတွေမှာ တာဝန်ရှိသလဲ…….
“”ဘယ်သူတွေမှာ တာဝန်ရှိသလဲ……???? “”
ရေနေသတ္တ၀ါတို့ရဲ့ ဘောင်လွတ်သေဆုံးမှု့တွေ…..
ကုန်းတွင်းနေ ရှားပါးတိရိစ္ဆာန်တွေ ပျောက်ဆုံးသေကြေမှု့တွေ……..
အသစ်အသစ် ထူးဆန်းသော ကူးစက်ရောဂါတွေရဲ့ ထုထောင်းနှိပ်စက်မှု့တွေ……
လူသားတွေရဲ့ ဓာတုဗေဒအဆိပ်သင့် နာမကျန်းမှု့တွေ…….
ပျုန်းတီးလာတဲ့ သစ်တောနေရာက လွင်တီးခေါင်တွေ…….
ယိုယွင်းမှု့တွေနဲ့ ပုံမှန်လုပ်ဆောင်ချက်တွေ ပျက်
စားနပ်ရိက္ခာ ရှားပါးလာမှု့တွေ အတွက်……
ကမ္ဘာမြေကြီးကို ပြန်ပြုပြင်
အသစ်က ပြန်စချင်ရင်……..
ဘယ်သူတွေမှာ တာဝန်ရှိသလဲ…….
“”ဘယ်သူတွေမှာ တာဝန်ရှိသလဲ……???? “”
နယ်မြေလု စစ်ပွဲတွေက စ
တိုက်ခိုက်ကြတဲ့ အမြှောက်ဆံ…..ဗုံးဆံ……
“”နူးကလီးယား””….””ယူရေနီယံ””….တွေဟာ
ကမ္ဘာကြီးရဲ့ ဖျားနာမှု့ကို ဗဟိုပြု
ကုသခြင်းပြုဖို့ အတွက် ဆေးကောင်းတစ်လက် မဖြစ်နိုင်ဘူး……..
ရှားပါး သတ္တ၀ါတွေကို ဖမ်းဆီး
သတ်ဖြတ်စားပြီး စီးပွားရှာ
ဗြဟ္မစိုရ်တရား ခေါင်းပါး…….
တရားမဲ့ လူအတ္တသမားများရဲ့ လုပ်ဆောင်ချက်က
ကမ္ဘာကိုကယ်တင် ဒီမြေကို အလှဆင်တာ မဖြစ်နိုင်ဘူး……..
အရိပ်ရ အပင်တွေကို မြေပေါ်လှဲချ
ပြည်ပကို ဒေါ်လာရဖို့ ရောင်းချတာဟာ
ဒီကမ္ဘာမြေရဲ့ ရှင်သန်မှု့ နရီစည်းချက်ကို ဖျက်ဆီး
“”အောက်ဆီဂျင်”” လျော့စေပြီး
ဒီကမ္ဘာရဲ့ လေထုကို ပျက်ဆီးစေတာပဲ……
………..
သစ်တောတွေကို ဖျက်ဆီး….. မြစ်တွေကို တာတမံတုတ်ပြီး
ကမ္ဘာ့ရဲ့ အင်အား သိုလှောင်လို့ ဟန့်တားတာဟာ…….
အသစ်ပွားလို့မွေးဖွား ၀ံ့ကြွားလို့ ဆက်သွားဖို့ မဖြစ်နိုင်ဘူး…….
ဒီတော့……
အရိပ်အရောင် ပြလာတဲ့ ငါတို့ကမ္ဘာဖျားနာမှု့
ဒီအတိုင်းပဲ လျစ်လျုရှု့တော့မလား…………
ဒီတော့…..
လူသားတွေကို အစဉ်အကျိုးပြုလာတဲ့ တို့ကမ္ဘာ
ခုအခါမှာ…..
တို့လူသားတွေကို ပြန်သတ်
စိတ်ဖောက်ပြန်တတ်နေတာကို
ဒီအတိုင်းပဲထား…….ဖြစ်ချင်ရာဖြစ်ခိုင်းတော့မလား………..
ဒီတော့……..
သာယာအေးချမ်းမှု့တွေနဲ့ ပြည့်ခဲ့တဲ့ တို့ကမ္ဘာ
ပစ္စုပ္ပန်လက်ရှိမှာ………
ဒဏ်ရာတွေ ဗလပွရ ညည်းညူးပြနေတာကို
ကယ်တင်ပေးဖို့ မစဉ်းစား
ဒီအတိုင်းပဲ ပြစ်လို့သာ ထားတော့မလား……..
တကယ်ဆိုရင်……
ပြိုလဲလို့ ယိုယွင်း အိုမင်းလို့ကျဆုံး
ကမ္ဘာ့ ဖျားနာမှု့ ဖြစ်စဉ်အားလုံးကို
တာဝန်တွေရယ် သတ်မှတ်
တသီးတကန့် ခွဲဝေထမ်းနေစရာ မလိုဘူး…….
တကယ်ဆိုရင်………
နိမိတ်ဟပ် ဖျားနာမှု့တွေပြ
ကမ္ဘာပေါ်ဖြစ်နေသမျှ ဒုက္ခတွေဟာ…….
ငါတို့ လူသားတွေသာ ပြုခဲ့ကြလို့
နားလည်မှု့ထားပြီး ပြန်လည်ပေးဆပ်
ကိုယ့်အသိစိတ်ဓါတ်နဲ့ ကိုယ့်တာဝန်ကိုယ်ပြန်ယူ……
ကျေးဇူးသိသူ အသိတရားရှိတဲ့ လူတွေ လုပ်သင့်ပြီ………..
တကယ်ဆိုရင်…….
တကယ်ဆိုရင်……
စာနာမှု့လက်တွေကို မြဲမြဲတွဲ
ကမ္ဘာကြီးပြိုလဲ……..မရိုဖရဲဖြစ်နေတာကို
တို့လူသားတွေ သတိပြု
နယ်မြေအေးချမ်းမှု့တွေ ကိုယ်စီပြုကြလို့
ကိုင်ဆွဲထားတဲ့ လက်နက်တွေကို ပြစ်ချ
ဒီကမ္ဘာ အရှည်တည်တံ့ရဖို့
“”ကမ္ဘာ့ပါတ်ဝန်းကျင် ထိမ်းသိမ်းစောင့်ရှောက် “”….ကြဖို့လိုပြီ……..
တကယ်တော့ တို့တတွေ……
“”ဘယ်သူမှာ တာဝန်ရှိသလဲ…? “”လို့ မမေး……
ကိုယ်တိုင်တာဝန်ယူချင်စိတ်ကလေးနဲ့
ကမ္ဘာ့ဖျားနားမှု့တွေကို ကန့်သတ်
ရှင်သန်ရာမြေ တည်တံ့ဖို့ အတွက်ကို
အဖျက်စွမ်းအားကြီး လက်နက်တီတွင်မှု့တွေကို ရပ်တန့်ပြီး………
လူသားနဲ့ကမ္ဘာမြေ…..
နှစ်ဦးနှစ်ဖက် ရှင်သန်ရပ်တည်နိုင်ဖို့ အတွက်…..
စိတ်ဆင်ရိုင်း စရိုက်အပျက်တွေကို ရပ်ဆိုင်း၊
တူညီစိတ်ထားကာ ကူညီလို့ရိုင်းပင်းရင်း…….
တွဲလက်တွေ ညီဖျှဖျှ …… မြေကမ္ဘာအရင်လို ပြန်လှဖို့
“”ဒီကမ္ဘာမြေကို ကုစားကြပါစို့….””
“”ဒီကမ္ဘာမြေကို စောင့်ရှောက်ကာကွယ်ကြပါစို့….””
“”ဒီကမ္ဘာမြေကို ထိမ်းသိမ်းယုယ ကြပါစို့….””
ကကြီး။(3.11.11)12;00pm…[email protected]
Comment #1
ကိုကကြီးရယ်…….တော်လိုက်တာ…..