Professional Authors

“ငါ့ ပန်းချီ”

ငါ့ ရင်နန်းထဲ
နင် ၀င်လာတာများ
ပရမ်းပတာနဲ့
ကြမ်းကြမ်းရမ်းရမ်းရှိလိုက်တာ…။

ပန်းသီးတစ်ခြမ်းနဲ့
အဲ့ဒီ့ အလွမ်းရဲ့
မခမ်းနားချက်ကတော့
တွေးရက်စရာတောင်မရှိဘူး…။

နေလုံးကြီး လွတ်ထွက်သွားမှာစိုးလို့
လှမ်းဆွဲလိုက်ရတာ မောတယ်…
နင့်ကို လွမ်းရတာ
အဆုံးသိတဲ့ဝထ္တုဖတ်နေရသလိုပဲ…။

တောင်စွယ်နေကွယ်ရင်
နင် ငါ့ကိုသတ်မှာသိသားပဲ…
ငါ့ ဘ၀အရှုံးထက်
အပြုံးမပျက်တဲ့ ဆည်းဆာကို
နင့် လက်အပ်ခဲ့ရမှာစိုးတယ်…။

In: ကဗျာ Posted By: Date: Sep 16, 2011
Comment #1

န်းသီးတစ်ခြမ်းနဲ့
အဲ့ဒီ့ အလွမ်းရဲ့
မခမ်းနားချက်ကတော့
တွေးရက်စရာတောင်မရှိဘူး…။

Comment #2

ငါ့ ရင်နန်းထဲ
နင် ၀င်လာတာများ
ပရမ်းပတာနဲ့
ကြမ်းကြမ်းရမ်းရမ်းရှိလိုက်တာ…။

commentinfo By: May Kha at Sep 16, 2011
Comment #3

တောင်စွယ်နေကွယ်ရင်
နင် ငါ့ကိုသတ်မှာသိသားပဲ…
ငါ့ ဘ၀အရှုံးထက်
အပြုံးမပျက်တဲ့ ဆည်းဆာကို
နင့် လက်အပ်ခဲ့ရမှာစိုးတယ်…။

commentinfo By: jenny at Sep 16, 2011
Comment #4

ဝင်ရောက်ဖတ်ပေးသူ
ဝေဖန်ပေးသူ…အားလုံးကိုကျေးဇူးတင်ပါတယ်

commentinfo By: ကြယ်စစ်သည် at Sep 16, 2011
Comment #5

အားပေးသွားပါ၏

commentinfo By: Village chat kyi at Sep 16, 2011
Comment #6

ကြယ်စစ်သည်ရေ………….
ဒီကဗျာဖတ်ရတာ ကြယ်လိုပဲ
ကြွေသွားရပါတယ်….

commentinfo By: yaewintaung at Sep 17, 2011
Comment #7

nice

commentinfo By: ei lay at Sep 18, 2011
Comment #8

ကျေးဇူးတင်ပါတယ်….
ကြယ်လိုတော့မကြွေပါနဲ့ဦးဗျာ
ကဗျာတွေရေးပါဦး….
မအိလေးလဲကျေးဇူးနော်

commentinfo By: ကြယ်စစ်သည် at Sep 18, 2011
Comment #9

အဟား
မင်းနှခေါင်းကငါ့ထက်လေနည်းနည်းပိုရှုနေပါလား

commentinfo By: Whiteship Ship at Sep 19, 2011
Comment #10

သိတောဘူကွာ…

commentinfo By: ခင်စုလှိုင် at Sep 20, 2011
Comment #11

လေဆိုတာကတော့…နှာခေါင်းကပိုရူတဲ့
အမျိုးလေ…အဖြူရောင်သဘောင်္ရဲ့
နောက်တော့သိလာပါလိမ့်မယ်…မခင်စုလှိုင်
အားလုံးကို…ကျေးဇူးတင်ပါတယ်။

commentinfo By: ကြယ်စစ်သည် at Sep 22, 2011
Comment #12

မိုက်တယ်

commentinfo By: Red Demon at Sep 24, 2011
Comment #13

shae yae ko kyo ti de so dot bay din haw pay par lar hin?

commentinfo By: ei lay at Nov 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment