Professional Authors

ပုံမှန်

သက်ပြင်းတွေ တော်တော်ဝေးဝေး ရောက်သွားတယ်

တစ်နေ့တာ ကုန်ဆုံးမသွားခင် နောက်တစ်နေ့

လမ်းကြိုတယ်…

သောကတွေက ထွက်ပေါက်မရှိခဲ့

တစ်ရက်ပြီး တစ်ရက်

တိုးဝေ့လိုက်

လျောက်နေမြဲ နေရာတွေမှာ 

ပုံမှန်ရွေ့လျားနေလိုက်

ငွေစက္ကူတွေ

လူတွေ

ဝေဒနာတွေ

ရွာနေကျ

မိုးစက် မိုးပေါက်တွေက

ငါသွေးသားတွေထဲ

အားလုံးရောယှက် ယိုစီး

အကဲဖြတ် မရှိခဲ့တဲ့ နေ့ရက်တွေမှာ

ငါပုံငါမမြင်ရလည်း

ဘ၀က အချိန်မှန် ရပ်တည်ခွင့်ပေးနေဆဲ….

In: ကဗျာ Posted By: Date: Nov 4, 2011
Comment #1

hman like tar.

commentinfo By: ei lay at Nov 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment