မထူးဆန်းပါ..ပုံမှန်အတိုင်းပါပဲ(genius)
မထူးဆန်းပါဘူး…
အရာရာပုံမှန်အတိုင်းပါပဲ။
ညာမြဲတိုင်း…ညာ
ငါကလည်း…မင်းလှိမ့်တိုင်း
ခေါင်းတွေညိတ်ဖို့အဆင်သင့်ပါ။
မင်းမို့လို့..လုပ်ရက်တယ်
မင်းမို့လို့..ညာရက်တယ်
မင်းမို့လို့..အရမ်းချစ်တယ်
ပြောထွက်ခဲ့တယ်..။
ဒါ..လည်း ငါ
အပြစ်မမြင်…ဆက်ချစ်ပါတယ်ဗျာ။
မင်း..ရဲ့လှည့်ကွက်တွေ..
အရောင်အဆင်းနဲ့
မပြည့်စုံတော့တဲ့နေ့..တစ်နေ့
မင်းရဲ့လက်ကို..လှမ်းထူဖို့
ထိုက်သင့်သလောက်
အင်အားလေးပဲ.ကမ်းပေးလိုက်ပါ။
စိတ်ရှိတိုင်း..ချစ်ဖို့
ပေးဆပ်နိုင်သမျှ..ပေးဆပ်ဖို့
တန်ဖိုးထား…ထားသထက်ထားဖို့
ငါ့…ရဲ့အသက်ရှူနှုန်းတိုင်း
ဒါတွေဟာ…မင်းအတွက်ပါ။
ဇောက်ထိုးမှောက်သွားခဲ့တဲ့ မင်းက
ငါ့ရဲ့အနာဂတ်တွေကို
အမှောင်ချထားခဲ့တဲ့….သူ
ငါ့ရဲ့လက်ရှိဘ၀တွေကို
အဆိပ်ရည်တိုက်ခဲ့တဲ့…သူ
ငါ့ရဲ့အတိတ်တွေကို
ကြက်ခြေခတ်.ကာလာတင်ခဲ့တဲ့…သူ။
“မုန်းသွားပြီလားတော့”
ရက်ရက်စက်စက်မမေးလိုက်ပါနဲ့
နင့်အတွက်…မဖြစ်တည်ခဲ့တဲ့
စကားတစ်ခွန်းမို့လို့ပါ…..။
မထူးဆန်းပါ..ပုံမှန်တိုင်းပဲ
ကြိုးစားရဦးမှာပါ….
ကြိုးစားနေဦးမှာပါ…
မင်းရဲ့အလိမ်အညာတွေကို
အစွန်းထိနားလည်ပေးဖို့လေ..။
Comment #2
အရမ်းကောင်းပါတယ်။ အားပေးသွားပါတယ်။ 🙂
By: Min Yal Nga at Jan 30, 2012
Comment #4
မင်းမို့လို့..လုပ်ရက်တယ်
မင်းမို့လို့..ညာရက်တယ်
မင်းမို့လို့..ယောက်ျားတွေထဲမှာအချစ်ဆုံးလို့ ပြောရဲတယ်…
ပြောထွက်ခဲ့တယ်..။
ဒါ..လည်း ငါ
အပြစ်မမြင်…ဆက်ချစ်ပါတယ်ဗျာ။
ဒါပေမယ့် နောက် ဘယ်တော့မှထုတ်မပြဘူး
အားပေးသွားပါတယ် ကိုရဲမင်း…
By: thu htoo zan at Jan 30, 2012
Comment #6
POEM ရေ……..စိတ်မကောင်းမဖြစ်ပါနဲ့…
တနေ့တော့သက်ဆိုင်သူသိလာမှာပါ.
အားပေးသွားပါတယ်နော်။
By: May Kha at Jan 30, 2012
Comment #7
ညီလေးရေ…
အားပေးသွားပါတယ် ကွာ…
ကဗျာလေးက အရမ်းကောင်းတယ်…
အရာရာ တိုင်းကို ထင်ဟပ်ရေးသားနိုင်တယ်
အားပေးသွားပါတယ်ကွာ
By: ရွှေကြယ်မိုး at Jan 30, 2012
Comment #8
e lout taung chit de,,a hote
By: ei lay at Jan 30, 2012
Comment #9
“မုန်းသွားပြီလားတော့”
ရက်ရက်စက်စက်မမေးလိုက်ပါနဲ့
နင့်အတွက်…မဖြစ်တည်ခဲ့တဲ့
စကားတစ်ခွန်းမို့လို့ပါ…..။
By: arkar at Jan 30, 2012
Comment #12
မထူးဆန်းပါ..ပုံမှန်တိုင်းပဲ
ကြိုးစားရဦးမှာပါ….
ကြိုးစားနေဦးမှာပါ…
မင်းရဲ့အလိမ်အညာတွေကို
အစွန်းထိနားလည်ပေးဖို့လေ..။
ရဲမင်းရေ ကဗျာလေးက ကောင်းတယ်ဟာ….အားပေးသွားတယ်….။
By: ကေသရီ at Jan 31, 2012
Comment #14
ခံစားအားပေးတဲ့ညီအစ်ကိုမောင်နှမများ…
အားလုံးကိုကျေးဇူးတင်ပါတယ်.ဗျာ
By: poem.poem28 at Feb 2, 2012




Comment #1
အားပေးသွားတယ်……….poem ရေ……..