Professional Authors

နံနက်

စီးပိုးလွန်းတဲ့ ရနံတွေ ဆွတ်ဖြန်းလို့

နံနက်ခင်း တံခါးတွေ မှာ

နေရောင်ခြည်က မသိမသာ

တွန်းဖွင့်လာခဲ့…

 

လေးလံထိုင်းမှိုင်းဆဲ

စိတ်ပျက် ညည်းငွေ့ဆဲ့

နိုးထခြင်းအရသာကို ပြင်းရှရှ ခံစားနေရဆဲ

 

ဘယ်အချိန် ကြည့်ကြည့်

အစာမပြေတဲ့ စိတ်တွေက

နေ ရော ည ပါ

ထမ်းပိုးခံထားရတယ်

 

“တောက်”

အခုလည်း ဆက်အိပ်လို့ မရပြန်ဘူး

နံနက်လင်းတိုင်း ဒီနေရာ ဒီအခန်းမှာ

ညက အကျွင်းအကျန်တွေက

ဘာမှန်းမသိ

အလွမ်းကြီးပဲ လာလာအော်နေတယ်…

 

အိပ်ယာမထမချင်း များအော်နေမလားပဲ…

အော်….

ပေးဆပ်ခြင်း မရှိပဲနဲ

ရယူပိုင်ဆိုင်ခြင်းတွေ မရလာနိုင်ဘူးတဲ့

ကြားဖူးထားတဲ့ စကားလေးတစ်ခွန်းပါ

 

ရယူ မပိုင်ဆိုင်ရပဲ

အမြဲ ပေးဆပ်နေရတာကော

ဘယ်လို ရှင်းပေးမလည်း…

ဘယ်လိုပဲဖြစ်ဖြစ် ငါကိုယ်တိုင်တောင်

လွမ်းခွင့် မရှိလေတော့

ဒီမနက်လည်း နဂိုဘူတာမှာ နဂို ရထားပဲ

ဆက်စီးရအုံးမှာပဲ…

In: ကဗျာ Posted By: Date: Nov 3, 2011
Comment #1

ပေးဆပ်ခြင်း မရှိပဲနဲ

ရယူပိုင်ဆိုင်ခြင်းတွေ မရလာနိုင်ဘူးတဲ့

ကြားဖူးထားတဲ့ စကားလေးတစ်ခွန်းပါ

ရယူ မပိုင်ဆိုင်ရပဲ

အမြဲ ပေးဆပ်နေရတာကော

ဘယ်လို ရှင်းပေးမလည်း…

commentinfo By: May Kha at Nov 3, 2011
Comment #2

ဘယ်အချိန် ကြည့်ကြည့်

အစာမပြေတဲ့ စိတ်တွေက

နေ ရော ည ပါ

ထမ်းပိုးခံထားရတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment