Professional Authors

ကျောရိုးမဲ့သတ္တဝါ (ကျော်အောင်သစ်)

ဟောဒီ
“ရေအဆုံးကုန်းတစ်ဝက်”စကားပုံနဲ့
သတ်သေစေခဲ့ ရ
ပြန်လည်အသက်ရှင်ခဲ့ ရ။
ငြီးငွေ့လာတဲ့ အခါ
အသက်ရှူရမှာကိုတောင်
နည်းနည်းငြီးငွေ့ လာသလိုလေ
အသက်ဝင်ခြင်းကလည်း
ထမင်းလုံးတစ္ဆေခြောက်တုန်း
ဟိုး… အမြင့်ကြီးပေါ်ကနေပြုတ်ကျ
ငုတ်တုတ်ထထိုင်ရတဲ့  ညတွေပေါ့။
တစ်ခါတစ်ရံ
မုဆိုးရိုင်းတွေရဲ့အမူးလွန်အံဖတ်ကို
အဆိပ်ပြင်းမြားအဖြစ်
ညွှတ်ကွင်းများအဖြစ်
ရုတ်တရက်ပုန်းလျှိုးခဲ့ရ။
တကယ်တော့
နောက်ကြောကထိုးမယ့် ဓားချက်တွေပါ
တံခါးပျက်တွေ တွန်းဖွင့်လိုက်တယ်
အနာတရမီးအိမ် ပစ်ပေါက်လိုက်တယ်
အခန်းထဲက ပင့်ကူအိမ်ခြစားသွားတယ်
အသံထွက်ခေတ်ထဲက ဂျိမ်းစ်ဘွန်းကို သတ်ပစ်လိုက်တယ်
(အဲဒီလို)
ပန်းသီးတွေနောက်ကို
လိုက်ရင်းလိုက်ရင်းနဲ့
စပျစ်သီးတွေက ပိုပြီး ချဉ်ချဉ်လာကြတယ်
ကိုယ်ပိုင်အသိÓဏ်အရ
မြေခွေးတွေ
အစာရေစာရှားပါးသွားတယ်။
တဖြည်းဖြည်းဆုတ်ယုတ်လာတဲ့
အရေခွံပုတ်အဲ့ အဲ့ ပေါ်မှာ
ငါတို့ ဟာ
(နောက်ပြီး)
ငါတို့ရဲ့ မိတ်ဆွေများဟာ
ကမ္ဘာဦးက ပြဿနာတွေနဲ့
ဝန်ဆောင်လည်ပတ်နေပြန်ရော။ ။

ကျော်အောင်သစ်
၁၉၉၅၊ ကလျာမဂ္ဂဇင်း

Comment #1

ဟောဒီ
“ရေအဆုံးကုန်းတစ်ဝက်”စကားပုံနဲ့
သတ်သေစေခဲ့ ရ
ပြန်လည်အသက်ရှင်ခဲ့ ရ။
ငြီးငွေ့လာတဲ့ အခါ
အသက်ရှူရမှာကိုတောင်
နည်းနည်းငြီးငွေ့ လာသလိုလေ
အသက်ဝင်ခြင်းကလည်း
ထမင်းလုံးတစ္ဆေခြောက်တုန်း
ဟိုး… အမြင့်ကြီးပေါ်ကနေပြုတ်ကျ
ငုတ်တုတ်ထထိုင်ရတဲ့  ညတွေပေါ့။

commentinfo By: May Kha at Jul 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment