Professional Authors

*ချစ်သူကရက်စက်ခြင်း*

ငါ့မျက်ရည်ကြွေကျမှ
နင်ပျော်မယ်ဆိုရင်
နင့်ထီးလေးဖယ်လိုက်ပါ…
နင်မိုးလို့ထင်နေတာ
ငါ့မျက်ရည်တွေပါ . . .

ငါ့နှလုံးသားမြေခမှ
နင်ကျေနပ်မယ်ဆိုရင်
နင်ခြေထောက်ကို ရွှေ့လိုက်ပါ…
နင်နင်းချေထားတာ
ငါ့နှလုံးသားပါ . . .

ငါ့မာနခ၀ါချမှ
နင်ပြန်ချစ်မယ်ဆိုရင်
နင်ခေါင်းလေးအသာ ငုံ့လိုက်ပါ…
နင့်ရှေ့ဒူးထောက်အရှုံးပေးနေတာ
ငါပါ .. . .

အရာရာပုံအပ်ခဲ့တာ
နင်ဘ၀မှာ တိုက်ဆိုင်တဲ့အခါ
တစ်ခဏတာ သတိရမိရင်…
ငါ့ တစ်ဘ၀စာပေးဆပ်ခဲ့တာနဲ့ ညီမျှမှာပါ .

In: ကဗျာ Posted By: Date: Nov 2, 2011
Comment #1

တစ်ပုဒ်လုံးကြိုက်တယ်ဗျ။ အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 2, 2011
Comment #2

တစ်ပုဒ်လုံးကောင်းတယ်ဗျာ။အ၇မ်းကြိုက်တယ်

commentinfo By: Village chet kyi at Nov 2, 2011
Comment #3

ဝိုးဝိုးးးးးး
ကြိုက်တယ်ဗျာ
လေးစားပါတယ်

commentinfo By: sharon myorr myor at Nov 2, 2011
Comment #4

wow,,,
heart hti de,

nin nin:: chae htar tar ngar hna lone tar par.
nin shae du htout a shone pay nay tar ngar par.
ta kha na tar ta ti ya mi yin ngar ta ba wa sar pay sat ke tar ne nyi hmar par.

commentinfo By: ei lay at Nov 3, 2011
Comment #5

အရမ်းကောင်းတဲ့ ခံစားချက်
အားပေးသွားပါတယ်နော်

commentinfo By: နွေ at Jun 5, 2013
Comment #6

ငါ့မျက်ရည်ကြွေကျမှ
နင်ပျော်မယ်ဆိုရင်
နင့်ထီးလေးဖယ်လိုက်ပါ…
နင်မိုးလို့ထင်နေတာ
ငါ့မျက်ရည်တွေပါ . . .

သေလို့ရတယ် စကားလုံးတွေက ~

With respect,
RAY

commentinfo By: X - ray at Jun 30, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment