Professional Authors

အမေ

ငယ်ငယ်တုန်းက

ထမင်း ဆီစမ်း ရွှေလင်ပန်းနဲ့ မဟုတ်ရင်တောင်

တင်မလင်ခွေထဲ ထွေးလို့  ပိုက်လို့

ထမင်း တဆုတ်

တလုပ်ပြီး တလုပ်

ညက်ညက်ကြေအောင်

ဝါးကျွေးဖူးပါတယ်…

 

ပုခတ်ထဲမှာ

သားအိပ်ဖို့ သီချင်းမညည်းတက်ခဲ့ရင်တောင်

ဒီ  ဒီ ဒါ ဒါ…ဒါ ဒါ ဒီ ဒီ နဲ့တော့

မအိပ်မချင်း

ညည်းပေခဲ့ဘူးပါတယ်..

 

သေးရေ စိုရွဲ

အမေ လက်ထဲ

ဗြဲဗြဲ စင်အောင် ပေါက်ချပြန်တော့လည်း

မညီးမညူ အမေ့လက်ထဲ

အိပ်ခဲ့ဘူးပါတယ်..

 

အမေမရှိတော့ ပေမယ့်

အမေ့ မေတ္တာတွေက

အမေ့ ရင်ခွင်ထဲက  ကလေးတစ်ယောက်လို

နွေးနေတုန်းပါပဲ

 

ဖြစ်နိုင်ရင်

အမေ ဗိုက်ထဲ

၉ လ လွယ် ကလေးတစ်ယောက်လို့

ပြန်ပြီး ၀င်ခွင့်ရချင်ပါတယ်….

(ကွယ်လွန်သူ အမေအတွက်)

(ကောင်းရာ မွန်ရာ ရောက်ပါစေ)

In: ကဗျာ Posted By: Date: Nov 1, 2011
Comment #1

အားပေးသွားပါတယ်
ကိုဟန်သူအောင် ကဗျာလေးတွေ ကောင်းတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment