Professional Authors

အလွမ်းတွေ မိုးထားတဲ့ ငါ့ကမ္ဘာ

 

နင့်ရယ်သံတွေကြားနေရတယ်

နေရာစုံအောင် ငါ လိုက်ရှာလည်း နင့်ကို မတွေ့ခဲ့မိဘူး….

သြော်…..အခုမှ ငါသတိရမိတယ်

အဲ့ဒီ့ရယ်သံတွေက ငါတို့အတိတ်ကလာတာပဲ…..။


နင့်ငိုရှိုက်သံ ငါကြားလိုက်ရတယ်

နင်မျက်ရည်တို့ ဖယ်ရှားပေးမလို့ ငါ နင့်ကို ထပ်ရှာဖွေမိပြန်တယ်

ဒါ ငါ မေ့နေတာ

နင်က ငါ့ရဲ့ ဟိုး…..အဝေးကြီးမှာ ဆိုတာ….။


နင့်အပြုံးတွေ မြင်နေရတယ်

ငါ တယုတယပွတ်သပ်ကြည့်မိတော့ ငါ့လက်ချောင်းတွေက လေဟာနယ်ထဲမှာ….။

နင့်မျက်ဝန်းတွေ ငါခံစားနေရတယ်

မျက်ခုံးထူထူလေးကို ရှိုက်နမ်းမယ် ကြံမိလိုက်တော့ ငါ့ရဲ့ အဖြစ်က အရူးတစ်ယောက်လို…..။


နင်နှစ်သက်တဲ့ အရာရာကို ငါကမှတ်သားထားရင်း

တိုက်ဆိုင်မှုတွေရှိလာတိုင်း………..ငါ့နေ့စဉ်မှတ်စုလေးထဲမှာ

နင်နဲ့ငါ့အကြောင်း ရသမြောက်စွာ ငါခြယ်သတယ်…..။

နင်အခုချိန်ဘာတွေလုပ်နေလဲလို့ ငါ မမေးရဲဘူး……

ငါ အခုချိန် နင့်ကို ငါသိပ်သတိရနေတတ်တယ်ဆိုတာကိုပဲ ငါက သိစေချင်တာ…။


ဒီလိုပါပဲ

အလွမ်းတွေ မိုးထားတဲ့ ငါ့ကမ္ဘာထဲမှာ

နင့်အကြောင်းတွေ တွေးရင်း နေ၀င်

နင့်အကြောင်းတွေ တွေးရင်း နေထွက်

သိပ်ကျေနပ်စရာကောင်းလွန်းပါတယ်

ဒါပေမယ့်…..တစ်ခုတည်း ချို့ယွင်းချက်…..

လက်တွေ့ဘ၀မှာ နင်နဲ့ငါ…..အလွန့်အလွန် ကွာဝေးနေတာကလွဲရင်ပေါ့……။

In: ကဗျာ Posted By: Date: Oct 15, 2012
Comment #1

20 mins kyar aung phat mi par de.
Myat yae tway le kya mi par de.
:'(
:'(
:'(
:'(
:'(

commentinfo By: ei lay at Oct 15, 2012
Comment #2

ဒီလိုပါပဲ
အလွမ်းတွေ မိုးထားတဲ့ ငါ့ကမ္ဘာထဲမှာ
နင့်အကြောင်းတွေ တွေးရင်း နေ၀င်
နင့်အကြောင်းတွေ တွေးရင်း နေထွက်
သိပ်ကျေနပ်စရာကောင်းလွန်းပါတယ်
ဒါပေမယ့်…..တစ်ခုတည်း ချို့ယွင်းချက်…..
လက်တွေ့ဘ၀မှာ နင်နဲ့ငါ…..အလွန့်အလွန် ကွာဝေးနေတာကလွဲရင်ပေါ့……။
ဒီလိုပါ ကျွန်တော်လည်း ခံစားဖူးပါတယ်။

commentinfo By: gadounlay at Oct 16, 2012
Comment #3

:'(
:'(
:'(

commentinfo By: ei lay at Oct 16, 2012
Comment #4

my life is getting meaningless day by day.

commentinfo By: ei lay at Oct 16, 2012
Comment #5

ခံစားအားပေးနေလျှက်

commentinfo By: အသဲကွဲမိုး at Oct 17, 2012
Comment #6

နင့်အပြုံးတွေ မြင်နေရတယ်

ငါ တယုတယပွတ်သပ်ကြည့်မိတော့ ငါ့လက်ချောင်းတွေက လေဟာနယ်ထဲမှာ….။

commentinfo By:ုkyi kyi at Jan 24, 2013
Comment #7

နင်အခုချိန်ဘာတွေလုပ်နေလဲလို့ ငါ မမေးရဲဘူး……

ငါ အခုချိန် နင့်ကို ငါသိပ်သတိရနေတတ်တယ်ဆိုတာကိုပဲ ငါက သိစေချင်တာ

commentinfo By: tabound at Jan 24, 2013
Comment #8

နင့်ရယ်သံတွေကြားနေရတယ်

နေရာစုံအောင် ငါ လိုက်ရှာလည်း နင့်ကို မတွေ့ခဲ့မိဘူး….

သြော်…..အခုမှ ငါသတိရမိတယ်

အဲ့ဒီ့ရယ်သံတွေက ငါတို့အတိတ်ကလာတာပဲ…..။

commentinfo By: မေပျို at Jan 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment