Professional Authors

ည(၈)

အပြောင်းအလဲများတဲ့  မိုးတိမ်တွေလိုပါ

ပြိုလိုက် ညိုလိုက် နဲ့

တစ်ခါတစ်ရံ မဲမှောင်နေလိုက်နဲ့

စိတ်တွေလည်း ဝေလိုက် ကြွေလိုက်ပါပဲ

 

အခုက

စိတ်ပါ လက်ပါ မဟုတ်တဲ့ ည

စိတ်မပါ လက်မပါပဲ

ငြီးငွေ့လိုက် ပျင်းရိလိုက်ပါ

 

မကြိုဆိုပါပဲ ၀င်လာတက်တဲ့

အတွေးတွေက

သောက်နေကျ ဆေးလိပ်အို လို

တစ်ဖွာချင်း သောက်လိုက် မှုတ်ထုတ်လိုက်နဲ့

သက်ပြင်းမှန်းမသိ ဝေဒနာမှန်းမသိ

တငွေ့ငွေ့ လွင့်ဝဲနေခဲ့တယ်

 

ထွက်ပေါက်မရှိခဲတဲ့ ကဗျာတွေကနေ

ဖေါက်ထွက်ဖို့ ကြိုးစားရင်

ဒီလမ်းပဲ အချိန်မှန်မှန်လျောက်နေလိုက်တာ

ကိုယ်အသံတောင် ကိုယ်မကြားနိုင်တဲ့ အဖြစ်

တမ်းတမ်းတတ ပြစရာမရှိတဲ့

နေညိုညို အမှတ်တရတွေက

အလွမ်းတွေ ဖောင်ဖွဲ့လို့

ပြစ်ပြစ်ခါခါ မှားနေလိုက်တာများ

ကြယ်တွေတောင် ကြွေလို့

ငါမှာက ဒီသန်းခေါင်းကို တစ်ခါမှ မကျော်ခဲ့ဘူး…၀ှူး

 

ဒီညလည်း ငါဆက်မှားအုံးမယ် ထင်တယ်….

In: ကဗျာ Posted By: Date: Nov 1, 2011
Comment #1

nar ma le bu.
but,,,
phat loh kaung de.

commentinfo By: ei lay at Nov 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment