Professional Authors

ချစ်ခြင်း အတွက် ခြစ်ခြင်း

မီးစာတစ်ဖက်

ရေမှုတ်တစ်ဖက်နဲ့

ကောင်းကင်က

လူရိုသေ ရှင်ရိုသေ နံနက်ခင်းကို

ဖန်ဆင်းပြီးတဲ့နောက်

ညအတွက် အလုပ်ရှုပ်နေပြန်တယ် ။

 

ခပ်ပဲ့ပဲ့

စစ်တုရင်ခုံပေါ်

ရေလို လောင်းချ ပုံသွင်းခံထားရတဲ့

ကလေးမလေးခမျာ

နဂါးတွေ ၊ ကျားတွေ ၊ ဖားတွေကြား

ထိတ်လန့် ငိုရှိုက်နေရှာလေရဲ့ ။

(မကြာခင် မှောင်တော့မှာကိုး)

 

ဆီကုန်ခါနီး ဒို့ မီးခြစ်ဟာ

ဆေးပေါ့လိပ်တို အတွက် သက်သက်

ဒါ ကို

ငါ . . .   လက်မခံဘူး ။

 

မိုးမချုပ်ခင်လေး

ကြိုးစားခြစ်ကြည့်ရအောင်လားကွယ် . . .

 

တစ်ခါတစ်လေတော့လည်း

အလင်းတိုင် တစ်တိုင်အတွက်

မီးတောက်တစ်ခု ဖြစ်ကောင်းပါရဲ့။    

(ကလေးမရဲ့ ရယ်သံတစ်ချက် ဒီတစ်သက်တော့ ကြားချင်သေးတယ်)

In: ကဗျာ Posted By: Date: Nov 1, 2011
Comment #1

ကလေးမ ရဲ့  ရယ်သံ တစ်ချက် မကြာခင် ကြားနိုင်ပါစေဗျာ
အားပေးသွားပါတယ်

Comment #2

ဒီမီးချစ်က..အချစ်တစ်ခုတည်းအတွက်ပေမဲ့
နောက်မီးခြစ်ကတော့ .. အချစ်ကိုရှို့မဲ့မီးတစ်စကို ဖန်တီးပေးပါလိမ့်မယ်..

commentinfo By: နတ်သမီး at Nov 1, 2011
Comment #3

ခပ်ပဲ့ပဲ့

စစ်တုရင်ခုံပေါ်

ရေလို လောင်းချ ပုံသွင်းခံထားရတဲ့

ကလေးမလေးခမျာ

နဂါးတွေ ၊ ကျားတွေ ၊ ဖားတွေကြား

ထိတ်လန့် ငိုရှိုက်နေရှာလေရဲ့ ။

(မကြာခင် မှောင်တော့မှာကိုး)

ဆီကုန်ခါနီး ဒို့ မီးခြစ်ဟာ

ဆေးပေါ့လိပ်တို အတွက် သက်သက်

ဒါ ကို

ငါ . . . လက်မခံဘူး ။

commentinfo By: May Kha at Nov 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment