Professional Authors

ည(၅)

ဘာလွမ်းခွင့်မှ မရှိပဲ ရနံတွေ နမ်းခိုခဲ့ပြီးမှ

ခြေပစ် လက်ပစ် တမ်းတခြင်းတွေက

အရသာပျက်နေတဲ့ သံယောဇဉ်မိုးပေါက်တွေကြားမှာ

ငိုက်မြည်းနေလေရဲ့…..

 

ဘယ်လိုမှနားမလည်တက်သော

ဥတုစက်ဝန်းရဲ့ ပေါ့ပျက်ပျက် မိုးရာသီကြောင့်

ဝရံတာတံခါးဖွင့်ကာ မိုးစက်တွေရိုက်ခတ်နေတဲ့

အဲဒီ….. ၀ရံတာကြမ်းပြင်မှာ..အေးစက်စက် ရင်ခွင်က…

အခုတော့….. ကျောက်ချနေနေရပြီ……

 

အသက်ကိုပြင်းပြင်းရှူလို့ သောက်နေကျ ဆေးပေါလိပ်ကို

ကောက်ကိုင်လိုက်မိခဲ့..

ပြီးတော့..ဟိုးအဝေးက

ရှု့မျှော်ခင်းမဟုတ်တဲ့ နောက်ဖေးအုန်းပင်က ဗျိုင်းတစ်သိုက်ကို

အမှတ်မထင်ငေးရင်း

မှုန်ဝါးဝါး  မိုးပေါက်တွေထဲ

သက်ပြင်းတွေ

အလေးချိန်များလာမှန်းမသိတော့အောင် များလာနေရဲ့…

 

ကိုယ်ကိုကိုယ့် နားမလည်းနိုင်တဲ့ သံယောဇဉ်ရဲ့ မြစ်ဖျားမှာ

ရင်ခုန်သံတွေ အစုန်အဆန် ကူးရင် ခတ်ရင်း

မိုးသာစဲသွားမယ်…

ဖြေမဆည်နိုင်ခြင်းတွေက ပဉ္စလက်ဆန်ဆန် နွမ်းလျလိုနေနေပြီ…

အရာအားလုံးကို ဖွင့်မပြောဖြစ်ရင်တောင်

မင်းကြောင့်……  

တစ်ခါတစ်ရံ ရင်ခုန်သံတွေ ပျော်မြူးရတာတော့ ၀န်ခံရအုံးမယ်..

ဒဏ်ရာတွေကြောင့် ထပ်မနိုးချင်းပါပဲနဲ့

မမြင်နိုင်တဲ့ နှောင်ကြိုးတွေယှက်နွယ်ရင်း …

ငါကမ္ဘာမှာ မင်းအပြုံးတွေက  အရမ်းခန်းနားနေတော့

ငါဘယ်လိုမှမရုန်းထွက်နိုင်ခဲ့ဘူး….

 

နင်မြင်အောင်လည်း ဖွင့်ဟခွင့် မခံယူရဲဘူး…

မင်းကြောင့်အလွမ်းတွေ……….. စွတ်ဆိုနေတက်တာ..

ပျောက်ပျက်သွားမှာတောင် စိုးရွံလို့  

အိပ်မက်ထဲမှာတောင် မင်းနာမည်လေးကို ဖွဖွလေး ညည်းနေတုန်းပဲ..

ငါသယ်ပိုးထားတဲ့  အမှောင်ထဲက နေ့စွဲတွေက မင်းရှေ့မှာ ၀န်ခံဖို့ ၀န်လေးနေရတယ်….

ကျုးကျော်ပြီး ဆွတ်ဖြန်းလာတဲ့ ရနံတွေကြောင့် တမ်းတမိတာ …

ရူးသွပ်မိတာ….

ဒီနေရာ..ဒီအခန်းနဲ့ 

ဒီအလွမ်းတွေကျကျန်ခဲ့တဲ့ နာရီသံတွေနောက်က ဟင်းလင်းပြင်ည 

ချက်..ချက်…ချောက်..ချောက်..မိုးပေါ်ထောင် နာရီလက်တံ……..

အဲဒီမှာရပ်…

ချစ်သူ…အဲဒါမင်းမသိတဲ့ည………

In: ကဗျာ Posted By: Date: Nov 1, 2011
Comment #1

ဒီနေရာ..ဒီအခန်းနဲ့

ဒီအလွမ်းတွေကျကျန်ခဲ့တဲ့ နာရီသံတွေနောက်က ဟင်းလင်းပြင်ည

ချက်..ချက်…ချောက်..ချောက်..မိုးပေါ်ထောင် နာရီလက်တံ……..

အဲဒီမှာရပ်…

ချစ်သူ…အဲဒါမင်းမသိတဲ့ည………

Leave Comments

Name*

Email*
Website
Email me whenever there is new comment